DVB Logo
Home
မြန်မာသတင်း
စီမံခန့်ခွဲမှုအားနည်း၍ စက်မှုဇုန်များ အခြေအနေ ဆိုးရွားဟု ဒေါ်စန္ဒာမင်းပြော
DVB
·
November 18, 2018
စီမံခန့်ခွဲမှုအားနည်း၍ စက်မှုဇုန်များ အခြေအနေ ဆိုးရွားဟု ဒေါ်စန္ဒာမင်းပြော
Donate to DVB

ရန်ကုန်တိုင်းက စက်မှုဇုန်တွေရဲ့ စီမံခန့်ခွဲမှုကို လက်ရှိအစိုးရလက်ထက် ဘာမှလုပ်နိုင်တာ မတွေ့ရတာကြောင့် အခြေအနေတွေ ဆိုးရွားလာတယ်လို့ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း စက်မှုဇုန် ၂၉ ဇုန်ထဲက စက်မှုဇုန် ၁၀ ခုကျော်ကို လေ့လာတဲ့အခါ စီမံခန့်ခွဲမှုအပိုင်း အားနည်းနေတာတွေ့ရတယ်လို့ ဒေါ်စန္ဒာမင်းကပြောပါတယ်။`

“ပြီးခဲ့တဲ့ အစိုးရတွေ လက်ထက်တုန်းက စက်မှုဇုန်တွေရဲ့ ကော်မတီပိုင်းတွေ၊ Management အပိုင်းတွေမှာ အားကောင်းတဲ့ အဖွဲ့အစည်းတွေ ရှိခဲ့သော်လည်း အခုအစိုးရ လက်ထက်ကြတော့ စက်မှုဇုန်တွေရဲ့ စီမံအုပ်ချုပ်မှုကို ဇုန်ကော်မတီတွေနဲ့ပဲ ပစ်ထားပြီးတော့ ဇုန်ကော်မတီတွေရဲ့ အထက်မှာကြတော့ တိုင်းကနေ တိုက်ရိုက်အုပ်ချုပ်ပြီးတော့ စီမံခန့်ခွဲမှု အားနည်းတာကို ကျမသွားတွေ့ရတယ်။ ယနေ့အထိ ဆင်းလာတဲ့ ၁၀ ဇုန်ကျော်တဲ့အချိန်မှာ ဘာကိုတွေ့ရသလဲဆိုတော့ စက်မှုဇုန်တွေရဲ့စီမံခန့်ခွဲမှုတွေကို ဒီအစိုးရလက်ထက်မှာ ဘာမှမလုပ်နိုင်ဘူးဆိုတာ သွားတွေ့တယ်။ ဒါ့ကြောင့်မို့လို့လည်း စက်မှုဇုန်တွေရဲ့ အခြေအနေတွေက တဖြည်းဖြည်းဆိုးရွားလာတယ်။”

ရန်ကုန်တိုင်းအတွင်းက တချို့စက်မှုဇုန်တွေဟာ စက်မှုရပ်ကွက်ကနေ စက်မှုဇုန်အဖြစ် ရောက်ရှိလာတာဖြစ်ပြီး စနစ်တကျလုပ်ခဲ့မှုအပိုင်း အားနည်းတာတွေရှိနေတာပါ။

လက်ရှိအချိန်မှာ ရန်ကုန်တိုင်းရဲ့ စက်မှုဇုန် ၂၉ ဇုန်ဟာ စီမံခန့်ခွဲမှု အားနည်းတာကြောင့် ဖွံ့ဖြိုးမှုအပိုင်း နိမ့်ကျနေပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြင်ဆင်မှုမရှိတာ၊ ကျူးကျော်တွေ များလာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကတော့ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်ကြောင်းနဲ့၊ စက်မှုဇုန်အတွင်း လုပ်ငန်းတွေ အဆင်ပြေစွာ လုပ်ကိုင်နိုင်ဖို့အတွက် တနေရာတည်းမှာ အလုံးစုံဝန်ဆောင်မှု ပေးနိုင်တဲ့ One Stop Service တွေ ဖွင့်လှစ်သွားမယ်လို့ ပြီးခဲ့တဲ့ မေလက ပြောကြားထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲ ဖွံ့ဖြိုးမှုနည်းတဲ့ မြို့နယ် ၁၁ ခုမှာ နိုင်ငံတကာ အဆင့်မီ စက်မှုဇုန် ၁၁ ခု တည်ထောင်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013