DVB Logo
Home
မြန်မာသတင်း
ဝန်​ထမ်း​များ အသက်​ရှူမ​ချောင်​သ​ရွေ့ အဂတိလိုက်​စားမှု ကာကွယ်တားဆီးရန် မဖြစ်​နိုင်​ဟု မကွေးဝန်ကြီးချုပ် ပြော
DVB
·
November 18, 2018
ဝန်​ထမ်း​များ အသက်​ရှူမ​ချောင်​သ​ရွေ့ အဂတိလိုက်​စားမှု ကာကွယ်တားဆီးရန် မဖြစ်​နိုင်​ဟု မကွေးဝန်ကြီးချုပ် ပြော
Donate to DVB

ဝန်​ထမ်း​တွေ အသက်​ရှူမ​ချောင်​သ​ရွေ့ အဂတိလိုက်​စားမှု ကင်းစင်​ရေး ထိ​ရောက်​​အောင်​ကာကွယ်​တားဆီးဖို့ မဖြစ်​နိုင်​ဘူးလို့ မကွေးတိုင်းဝန်ကြီးချုပ်က ပြောကြား လိုက်ပါတယ်။

မကွေးတိုင်းဒေသကြီး မ​ကွေးမြို့ မြို့​တော်​ခန်းမမှာ နိုဝင်​ဘာလ ၁၇ ရက်​​နေ့မနက်​ပိုင်းက အဂတိလိုက်​စားမှုတားဆီး ကာကွယ်​​ရေးဆိုင်​ရာ အလုပ်​ရုံ ​ဆွေး​နွေးပွဲမှာ စီးပွား​ရေးလုပ်​ငန်းများ ဖွံ့ဖြိုးတိုးတက်​​ရေးနှင့် ကျင့်ဝတ်​သိက္ခာ ​ခေါင်းစဉ်​နဲ့ ​ဆွေး​နွေးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

မူးယစ်ဆေးဝါးက ရတဲ့ငွေတွေနဲ့ တရားမဝင်လုပ်ငန်းတွေက ရတဲ့ ငွေတွေကို ငွေဖြူလုပ်လို့ ငွေကြေးဖောင်းပွနေချိန်မှာ လစာနဲ့ ရပ်တည်နေရတဲ့ အစိုးရဝန်ထမ်းတွေ စားဝတ်နေရေ ချောင်လည်ဖို့ အဂတိလိုက်စားမှုတွေ ဖြစ်လာနိုင်လို့ ဝန်ထမ်းတွေ အဆင်ပြေစေမယ့် နည်းလမ်းကို ရှာဖွေစဉ်းစားကြဖို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမိုးညိုက တိုက်တွန်းလိုက်ပါတယ်။

“အစိုးရဝန်​ထမ်း​တွေမှာ တစ်ထောင်​ဆိုတစ်​​ထောင်​ အ​လျောက်​ရတဲ့ လစာနဲ့ တန်​ဖိုးထား​နေရတဲ့အချိန်​မှာ တရားမဝင်​ လုပ်​ငန်းသမား​တွေက သိန်း​ပေါင်း​သောင်းချီ လွယ်​လွယ်​သုံးနိုင်​​တော့ ​ငွေ​ကြေး​ဖောင်းပွတယ်​။ ဝန်​ထမ်း​တွေ အသက်​ရှူမ​ချောင်​သ​ရွေ့ အဂတိလိုက်​စားမှုကင်းစင်​ဖို့ ထိ​ရောက်​​အောင်​ကာကွယ်​တားဆီးဖို့ မဖြစ်​နိုင်​ပါဘူး။ ဝန်​ထမ်း​တွေ သက်​ရှူ​ချောင်​မယ့် နည်းလမ်း​တွေလည်း ရှာ​ဖွေစဉ်းစားသင့်တယ်​။ အဂတိလိုက်​စားမှု နည်းနိုင်​သမျှနည်း​အောင်​ ဝိုင်းဝန်းကြိုးစား ​ဆောင်​ရွက်​​ပေးကြပါ” လို့ ​ပြောပါတယ်​။

မြန်​မာနိုင်​ငံ အဂတိလိုက်​စားမှု တိုက်​ဖျက်​​ရေး​ကော်​မရှင်​ ဥက္ကဋ္ဌ ဦး​အောင်​ကြည်​က "မြန်​မာနိုင်​ငံမှာ အဂတိလိုက်​စားမှုဟာ ဆယ်​စုနှစ်​​ပေါင်းများစွာကတည်းက နယ်​ပယ်​အသီးသီးမှာ အမြစ်​​တွယ်​​နေခဲ့ပြီဖြစ်​တယ်​။ ဒီပြဿနာ​တွေ​ကြောင့် နိုင်​ငံ​ရေး၊ အုပ်​ချုပ်​​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးနယ်​ပယ်​​တွေမှာ တိုးတက်​သင့်သ​လောက် ​မတိုးတက်​ဘူး။ အုပ်​ချုပ်​​ရေး အဆင့်​က ဌာနဆိုင်​ရာများ၊ စီးပွား​ရေးလုပ်​ငန်းရှင်​များ၊ အရပ်​ဘက်​အဖွဲ့အစည်းများဟာ အဂတိတိုက်​ဖျက်​​ရေး လုပ်​ငန်း​တွေမှာ၊ ကြား​နေလုပ်​လို့ မရပါဘူး။ အများပြည်​သူဆိုင်​ရာ အဖွဲ့စည်းများနဲ့ ပုဂ္ဂလိက အဖွဲ့စည်းများ အတူလက်​တွဲပြီး မိမိတို့​ဒေသအတွင်း အဂတိလိုက်​စားမှုဖြစ်​ပွား​နေတဲ့ ​နေရာ​တွေကို စူးစမ်း​ဖော်​ထုတ်​​ပေးကြပါ" လို့ ​ပြောပါတယ်​။

အလုပ်ရုံဆွေး​နွေးပွဲကို မြန်​မာနိုင်​ငံ အဂတိလိုက်​စားမှု တိုက်​ဖျက်​​ရေး​ကော်​မရှင်​၊ မ​ကွေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့နဲ့ UNDP တို့ ပူး​ပေါင်းစီစဉ်​တာဖြစ်​ပြီး ဌာနဆိုင်​ရာဝန်​ထမ်းတွေ၊ စီးပွား​ရေးလုပ်​ငန်းရှင်တွေ၊ အရပ်​ဖက်​အဖွဲစည်းတွေ တက်​​ရော​က်​ခဲ့ကြပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013