DVB Logo
Home
မြန်မာသတင်း
အနည်းဆုံးအခကြေးငွေပေးပြီး ခံစားခွင့်ဖြတ်တောက်သည့် စက်ရုံ ၉ ရုံရှိ
DVB
·
November 18, 2018
အနည်းဆုံးအခကြေးငွေပေးပြီး ခံစားခွင့်ဖြတ်တောက်သည့် စက်ရုံ ၉ ရုံရှိ
1 / 4
Donate to DVB

အနည်းဆုံးအခကြေးငွေ ထုတ်ပြန်ပြီးနောက်ပိုင်း အနည်းဆုံးအခကြေးငွေပဲပေးပြီး တခြား ခံစားခွင့် ဖြတ်တောက်ထားတဲ့ စက်ရုံ ၉ ရုံရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးကော်မတီက ပြောပါတယ်။

ခံစားခွင့်ဖြတ်တောက်ထားတဲ့ စက်ရုံတွေကတော့ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်နဲ့ မှော်ဘီမြို့နယ်တွေက စက်ရုံတွေ ဖြစ်ပါတယ်။

ဒီစက်ရုံတွေနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ စက်ရုံအလုပ်သမားတွေရဲ့ တိုင်ကြားချက်အရ ကော်မတီက နိုဝင်ဘာ ဒုတိယအပတ်မှာ ပထမဆုံး ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးကော်မတီက အလုပ်သမားကိုယ်စားလှယ် ဦးရဲဝင်းထွန်းက “အနည်းဆုံးအခကြေးငွေ ထုတ်ပြန်ပြီးနောက်ပိုင်း ဒါက ပထမဆုံး အစည်းအဝေးပါ။ အဓိက ကတော့ အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ပဲပေးပြီး အရင်က ပေးထားတဲ့ ခံစားခွင့်တွေ ဖြတ်တောက်ထားတဲ့ စက်ရုံ ၉ ရုံကို ကြားနာကြတာပါ” လို့  ပြောပါတယ်။

တိုင်ကြားခံထားရတဲ့ စက်ရုံ ၉ ရုံကို နိုဝင်ဘာ နောက်ဆုံးပတ်မှာ ဥပဒေနဲ့ ငြိစွန်းတာ ရှိမရှိကို ဆုံးဖြတ်ချက် ချသွားမယ်လို့  ကော်မတီက ဆိုပါတယ်။

အလုပ်ရှင်ရဲ့ ခြေပလွှာကို နိုဝင်ဘာ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး တောင်းခံထားတယ်။ ပြီးရင် ကော်မတီ အစည်းဝေး ထပ်ခေါ်ပြီး ဆုံးဖြတ်ချက်ချမယ်” လို့  ဦးရဲဝင်းထွန်းက ပြောပါတယ်။

အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ကို ၂၀၁၈ ခုနှစ် မတ်လက ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ ကို ၂၀၁၅ ဇူလိုင်လက ထုတ်ပြန်ကြေညာခဲ့တာပါ။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013