DVB Logo
Home
မြန်မာသတင်း
ကျောက်မျက်ကျောက်စိမ်းရောင်းချပွဲ ကျပ်သန်း ၅ သောင်းခန့်ရရှိ
DVB
·
November 18, 2018
ကျောက်မျက်ကျောက်စိမ်းရောင်းချပွဲ ကျပ်သန်း ၅ သောင်းခန့်ရရှိ
1 / 6
Donate to DVB

နိုဝင်ဘာလ ၁၇ ရက်နေ့အထိ မြန်မာကျပ်ငွေနဲ့ ရောင်းချတဲ့ ကျောက်မျက်ကျောက်စိမ်း ရောင်းချပွဲမှာ ကျောက်မျက်အတွဲ ကျပ်သန်း ၈၀၀ နီးပါးနဲ့ ကျောက်စိမ်းအတွဲ ကျပ်သန်း ၅ သောင်းနီးပါး ရောင်းချခဲ့ရတယ်လို့ ပြပွဲ ကျင်းပရေးကော်မတီကပြောပါတယ်။

“ကျောက်မျက်အတွဲ ၅၀ ရောင်းချရပြီး တန်းဖိုးက ကျပ် ၇၉၄ ဒသမ ၉၀ သန်းရောင်းရပါတယ်။ ကျောက်စိမ်းအတွဲအနေနဲ့ ကတော့ ၃၁၈၅ တွဲ တန်ဖိုးအနေနဲ့ သန်းပေါင်း ၄၈၂၉၈ ဒသမ ၄၉ ကျပ် ရောင်းချရပါတယ်” လို့ စီမံရေးရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြောပါတယ်။

အဲ့ဒီပြပွဲကိုတော့ ပြည်တွင်းက အသေးစားအလတ်စား ကျောက်မျက်လုပ်ငန်းရှင်တွေ ကုန်ကြမ်းရရှိဖို့ ရည်ရွယ်ကာ ကျပ်ငွေနဲ့ ရောင်းချတာဖြစ်ပြီး နိုင်ငံခြားသား တယောက်မှ တက်ရောက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

ပြပွဲကို နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၁၇ နေ့အထိ နေပြည်တော်မှာရှိတဲ့ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ကျင်းပြုခဲ့တာဖြစ်ပြီး ကျောက်မျက်ကျောက်စိမ်းအတွဲတွေကို လေလံစနစ်နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013