DVB Logo
Home
မြန်မာသတင်း
အက်ဆစ်ငွေ့ကြောင့် ပျက်စီးသီးနှံအတွက် နစ်နာကြေးပေးရန် လက်ပံတောင်းဒေသံများ တောင်းဆို
DVB
·
November 18, 2018
အက်ဆစ်ငွေ့ကြောင့် ပျက်စီးသီးနှံအတွက် နစ်နာကြေးပေးရန် လက်ပံတောင်းဒေသံများ တောင်းဆို
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ဖျန်းတဲ့ အက်ဆစ်ငွေ့တွေကြောင့် ပျက်စီးသွားတဲ့ သီးနှံတွေအတွက် ထိုက်သင့်တဲ့ နစ်နာကြေးတွေ အမြန်ဆုံး ပြန်ရချင်တယ်လို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်ကျော်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ အက်ဆစ်ငွေ့တွေ ဖျန်းခဲ့တဲ့အတွက် မူလ ဆည်တည်းရွာအနီးမှာ စိုက်ပျိုးထားတဲ့ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပြောင်းခင်းတွေ ထိခိုက်ပျက်စီးခဲ့သလို တမာ၊ မန်ကျည်းလို အပင်ကြီးတွေပါ တခြမ်းခြောက်သေတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကာ သက်ဆိုင်ရာ မြေစာရင်း၊ စိုက်ပျိုးရေးဌာနတွေကလည်း ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ယူတာတွေ ပြုလုပ်နေပါတယ်။ ဒါပေမယ့် ဘာမှ ထူးခြားမှု မရှိသေးတာကြောင့် သီးနှံပျက်စီးမှုအတွက် ထိုင်သင့်တဲ့ နစ်နာကြေးလိုချင်တဲ့အကြောင်းကို ပြောဆိုခဲ့တာပါ။

“အစကတော့ ၂၉ ဦးပေါ့။ သေချာကွင်းဆင်းစာရင်းကောက်တော့ ၃၀ ကျော်တယ်။ ဧကကတော့ သူတို့ဌာနဆိုင်ရာတွေက ကောက်တာ။ အတိအကျမသိရသေးဘူး။ ခန့်မှန်းတော့ ၂၀၀ လောက်ရှိမယ်။ အဓိက များများစားစားဆုံးရှုံးတာကတော့ နှမ်းပေါ့။ နှမ်းက တချို့ဆို လုံးဝပြန်မရတော့ဘူး။ တချို့ဆို နွားစာဆိုပြီး အချိန်မတိုင်ခင် ရိတ်ကြရတော့တာ။ သီးတုန်း ပွင့်တုန်းမှာ ဖြစ်သွားတာဆိုတော့ ဆုံးရှုံးမှုက များတယ်။ ဒါကိုပဲ မှီခိုနေရတာဖြစ်တဲ့အတွက် ဒါမှမရရင် အဆင်မပြေတော့ဘူး။ အစကတည်းက ဒီစီမံကိန်းကြောင့် မြေတွေလည်း အများကြီး အသိမ်းခံခဲ့ရပြီးပြီ။ အခုက ကျန်တဲ့ဟာလေးပဲ လုပ်နေကြရတာ။ ပျက်စီးတာတွေအတွက်တော့ သူတို့က ပေးမပေးတော့ မသိသေးဘူး။ ဒါပေမယ့် ထိုက်သင့်တဲ့ နစ်နာကြေးဖြစ်ဖြစ်၊ လျော်ကြေးဖြစ်ဖြစ် မြန်မြန်လိုချင်တယ်” လို့ ဆည်တည်းကျေးရွာက တောင်သူတွေက ပြောပါတယ်။

ပုံမှန်အားဖြင့် ၁ ဧကကို နှမ်း ၁၅ တင်းကနေ တင်း ၂၀ ဝန်းကျင်ထွက်ပြီး လက်ရှိမှာ နှမ်း ၁ တင်းကို ၆ သောင်းဝန်းကျင် ပေါက်ဈေးရှိနေပါတယ်။ အများဆုံးပျက်စီးတာတွေကတော့ စီမံကိန်းနဲ့ အနီးကပ်ဆုံးနေရာတွေက စိုက်ခင်းတွေဖြစ်ပါတယ်။

အက်ဆစ်ဖျန်းရာနေရာနဲ့ စိုက်ခင်းတွေက ပေ ၂၅၀၀ ဝန်းကျင်သာ ဝေးမယ်လို့ ခန့်မှန်းရပါတယ်။ လတ်တလောမှာတော့ တိုင်းပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက လာပြီးနောက်ပိုင်း အက်ဆစ်ဖျန်းတာတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေနဲ့လည်း လက်ရှိမှာ အချက်အလက်တွေ တိုင်းတာ စုဆောင်းနေဆဲဖြစ်လို့ တိုင်းတာမှုတွေကိုတော့ မထုတ်ပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013