DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် ၂ တန်းကျောင်းသား မီးဆော့ရာမှ မီးလောင်သေဆုံး
DVB
·
November 18, 2018
ဝမ်းတွင်းမြို့နယ်တွင် ၂ တန်းကျောင်းသား မီးဆော့ရာမှ မီးလောင်သေဆုံး
Donate to DVB

ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းအုပ်စု ညောင်ပင်လှရွာအနီးမှာ နိုဝင်ဘာ ၁၇ ရက် မနက်က လေထိုးကျွတ်ဖာဆိုင်မှာ ၂ တန်းကျောင်းသားတဦး မီးဆော့ရာက မီးလောင် သေဆုံးသွားတယ်လို့ ဝမ်းတွင်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ဒိုင်ကောင်းကုန်းအုပ်စု ညောင်ပင်လှရွာနေ ကိုကျော်စွာဝင်းပိုင် လေထိုးကျွတ်ဖာဆိုင် မီးလောင်ခဲ့တာဖြစ်ပြီး သားဖြဖ်သူ ၂ တန်းကျောင်းသား မောင်အောင်ကိုထိုက် ၇ နှစ်  မီးလောင် သေဆုံးခဲ့တာလို့ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီး ဦးစိုးထွန်းက ပြောပါတယ်။

"ရွာမှာ မင်္ဂလာဆောင်ရှိတယ်၊ မိသားတစုလုံး မင်္ဂလာဆောင်သွားတာ၊ ကလေးက လေထိုးကျွတ်ဖာဆိုင် ပြန်သွားတယ်၊ မိဘတွေက မသိလိုက်ဘူး။ ဘီးဖာဆိုင် မီးလောင်မှ ကလေးပါ မီးလောင်သွားတာ သိကြတယ်။ ဖခင်လုပ်သလို ကျွတ်စတွေကိုမီးနဲ့ ပေါင်းကြည့်တာ ဖြစ်မယ်၊ ကျွတ်စဆိုတော့ မီးလောင်တာမြန်တယ်။ ကလေးဆိုတော့ မီးမငြိမ်းနိုင်တော့ဘဲ လူရော ဆိုင်ရော လောင်သွားတာဖြစ်မယ်။ ၆ပေ×၁၀ ပေ ထရံကာ ထန်းရွက်မိုးဆိုင်ပါ။ ဆုံးရှုံးတန်ဖိုး ၃ သောင်းခွဲလောက်ရှိမယ် ခန့်မှန်းတယ်" လို့ ပြောပါတယ်။

ဒေသခံတဦးက "ကလေးက ဒိုင်ကောင်းကုန်း အထက်တန်းကျောင်းမှာ ကျောင်းနေတယ်။ ရွာက အရန်မီးသတ်တွေရယ်၊ ရွာခံတွေရယ်၊ မြို့နယ်မီးသတ်ရယ် ဝိုင်းငြှိမ်းတယ်။ မီးငြိမ်းမှ ကလေးပါ လောင်သွားတာ သိရတယ်" လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ရွှေတောင်နယ်မြေ ရဲစခန်းမှာ ကလေးရဲ့ဖခင်ဖြစ်သူ ကိုကျော်စွာဝင်းအား မီးလောင်မှု၊ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄(က) အရ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013