DVB Logo
Home
မြန်မာသတင်း
အောက်ခြေပါတီဝင်များအား ဆုံးမပေးရန် မန္တလေး ၀န်ကြီးချုပ်ကို ဆရာတော်များ မိန့်ကြား
DVB
·
November 17, 2018
အောက်ခြေပါတီဝင်များအား ဆုံးမပေးရန် မန္တလေး ၀န်ကြီးချုပ်ကို ဆရာတော်များ မိန့်ကြား
Donate to DVB

သာသနာရေးကိစ္စတွေကို အနှောင့်အယှက်ပြုနေတဲ့ အောက်ခြေ အန်အယ်လ်ဒီ ပါတီဝင်တွေကို ဆုံးမပေးဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်ကို ပျော်ဘွယ်မြို့နယ်အတွင်းက ဆရာတော်တွေက မိန့်ကြားပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့ ပျော်ဘွယ်မြို့နယ်အတွင်း လျှပ်စစ်မီးလင်းရေးဖွင့်ပွဲခမ်းအနားအပြီး ညောင်ကုန်း ဘုရားကြီးကျောင်းတိုက် ဆရာတော်ထံကို ဝင်ရောက်ဖူးမြော်တုန်း ကျောင်းတိုက် အတွင်းမှာ ရှိနေတဲ့ ဆရာတော်တွေက မိန့်မှာခဲ့တာဖြစ်ပါတယ်။

“ဆရာတော်တွေရဲ့ လုပ်ကွက်ထဲမှာ ဝင်ပြီးတော့ ပုဂ္ဂိုလ်ရေးအရ ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူးလို့ နှောင့်ယှက်တယ်။ ဥပမာ ကထိန်ကိစ္စမှာ ဟိုဆရာတော်မပင့်ရဘူး။ ဒီဆရာတော်ကို မပင့်ရဘူး။ ဒါမျိုးတွေ ပါတီဝင်တွေက ပါတယ်ဆိုတော့ ပါတီက သိက္ခာကျတယ်။ ဆရာတော်များရဲ့ ရှေးရိုးစဉ်လာ ဆောင်ရွက်လာတဲ့ ကိစ္စတွေကို ဝင်ရောက်မစွက်ဖက်ဖို့ပါ။ ကုသိုလ်ရေးမှာတောင် ဟိုမလှူနဲ့ ဒီမလှူနဲ့လို့ ဝင်ပါနေတာက အဖြစ်သင့်ဘူး။ အဲဒါလေးတွေကို ထိန်းသိမ်းပေးပါ။ ဒကာတို့ အောက်ခြေအဖွဲ့တွေက မှားနေတယ်။ အဲမှားတာလေးတွေကို ဒကာကြီးတို့ တာဝန်ရှိသူတွေက ထိန်းသိန်းပေးပါ။ ဒါလေးတော့ ဘုန်းဘုန်းက မေတ္တာ ရပ်ခံချင်တာ” လို့ မြို့နယ်သံဃနာယက ဆရာတော် တပါးက မိန့်တော်မူခဲ့တာပါ။

ဒီမိန့်မှာမှုအပေါ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လက်ရှိအချိန်မှာ အန်အယ်လ်ဒီပါတီကို ဒုတိယ ဥက္ကဋ္ဌတာဝန်နဲ့ အဓိက တာဝန်ယူထားရသူ ဖြစ်တဲ့အတွက် အခုလို သာသနာရေးကိစ္စတွေအပေါ်မှာ ပါတီဝင်တွေရဲ့ ဝင်ရောက်နှောင့်ယှက်မှုဟာ မိမိအပေါ်မှာ တာဝန်သက်ရောက်မှုရတဲ့အတွက် ဆရာတော်ရဲ့ မိန့််မှာချက်ကို သေချာမှတ်သားပြီး သာသနာရေး ကိစ္စတွေမှာ နှောင့်ယှက်ဟန့်တားတဲ့ ပါတီဝင်တွေကို ဆုံးမသွားမယ်လို့ ပြန်လည်လျှောက်ထားခဲ့ပါတယ်။

“ဘုန်းဘုန်း ပြောလိုက်ကတည်းက တပည့်တော် ခေါင်းမှာပဲရောက်ပါတယ် ဘုရား။ ဘာလို့လဲဆိုတော့ တပည့်ဟာ ပါတီရဲ့ အကြီးအကဲဖြစ်နေတဲ့အတွက်ပါ။ အခုလောလောလက်လက်။ အခုလို ဆရာတော်ဘုရားတိုက ပွင့်ပွင့်လင်းလင်း မိန့်မှာတဲ့အတွက် တပည်တော်အနေနဲ့ နာခံပါတယ်ဘုရား။ ဘုန်းဘုန်းရဲ့ မိန့်မှာချက်အပေါ် သေချာမှတ်သားထားပါတယ်ဘုရား။ သေချာလည်း ဆုံးမသွားပါမယ်ဘုရား” လို့ အန်အယ်လ်ဒီ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြန်လည် လျောက်ထားခဲ့တာပါ။

သာသနာရေးကိစ္စတွေကို အေက်ာခြေပါတီဝင်တွေက ဝင်ရောက်နှောင့်ယှက်မှုတွေဟာ ပျော်ဘွယ်မြို့နယ်အတွင်းမှာ အများစုဖြစ်ပွားနေတဲ့အတွက် တာဝန်ရှိသူအနေနဲ့ ထိန်းသိမ်းပေးဖို့ အခုလို မိန့်မှာရတာဖြစ်သလို ဆရာတော်၊ သံဃာတော်တွေအနေနဲ့လည်း ပါတီစွဲ၊ လူပုဂ္ဂိုလ်စွဲ ကင်းရှင်းတဲ့အတွက် လက်ရှိအစိုးရအဖွဲ့နဲ့ လက်ရှိအနိုင်ရပါတီတို့နဲ့ ဆရာဒကာ အနေအထား ရင်းနှီးဆက်ဆံချင်တယ်လို့လည်း ဆရာတော်တွေက မိန့်ကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အောက်ခြေပါတီဝင်များအား ဆုံးမပေးရန် မန္တလေး ၀န်ကြီးချုပ်ကို ဆရာတော်များ မိန့်ကြား