DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားဖြစ်ခွင့်ပေးမှ ပြန်လာမည်ဟု နေရပ်စွန့်ခွာသူများပြော
DVB
·
November 17, 2018
နိုင်ငံသားဖြစ်ခွင့်ပေးမှ ပြန်လာမည်ဟု နေရပ်စွန့်ခွာသူများပြော
1 / 6
Donate to DVB

ရခိုင်ပြည်နယ်ဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့သူတွေက မြန်မာအစိုးရအနေနဲ့ သူတို့ကို NVC မဟုတ်ဘဲ နိုင်ငံသားဖြစ်ခွင့်ပေးမှသာ ရခိုင်ဘက်ကို ပြန်လာမယ်လို့ နေရပ်စွန့်ခွာသူတွေက နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပြောပါတယ်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီအချက် နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံဖို့ နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး လက်ခံရေးလုပ်ငန်းတွေ မြန်မာဘက်က စတင်ခဲ့ပေမယ့် နေရပ်စွန့်ခွာသူတဦးမှ ပြန်မလာခဲ့ပါဘူး။

နေရပ်စွန့်ခွာသူတွေ ပြန်မလာတာကြောင့် နှစ်နိုင်ငံ နယ်စပ်မျဉ်းမှာ နေထိုင်တဲ့ သူတွေကို ပြန်မလာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဒီဗွီဘီက သွားရောက်မေးမြန်းရာမှာ စွန့်ခွာသူတွေက ပြောခဲ့တာပါ။

“ကျနော်တို့ကလည်း မြန်မာနိုင်ငံသားတွေ ဒါကြောင့် နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးရှိရမယ်။ NVC ကတ်ကို မလိုချင်ဘူး၊ လွတ်လပ်စွာ ပညာသင်ခွင့် သွားလာခွင့်ရှိရမယ်၊ နောက်ပြီး အပြစ်မရှိတဲ့သူတွေကို အကြမ်းဖက် လုပ်ဆောင်ခဲ့တဲ့သူတွေကိုလည်း အရေးယူပေးပါ၊ နိုင်ငံသားဖြစ်ခွင့်ပေးမှ ပြန်လာချင်ပါတယ်” လို့ အဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ်မျဉ်းမှာတော့ နေရပ်စွန့်ခွာသူ ၅၀၀၀ ကျော်နေထိုင်ပါတယ်။

နေရပ်စွန့်ခွာသွားသူတွေထဲကမှ ပထအအသုတ်အနေနဲ့ အယောက် ၂၀၀၀ ကျော်ကို မြန်မာအစိုးရအနေနဲ့ ပြန်လည်လက်ခံမှာဖြစ်ပါတယ်။ ဒါပေ့မယ့် လတ်တလောမှာ ပြန်လာသူမရှိလို့ နေရပ်စွန့်ခွာထွက်ပြေးသူများ ပြန်လက်ခံရေးအစီအစဉ်ကို ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။

မြန်မာအစိုးရဘက်ကတော့ ပြန်လာမယ့်သူတွေအတွက် NVC ကို သတ်မှတ်ထားတဲ့ ဥပဒေအတိုင်းလျောက်ထားရမှာဖြစ်ပြီး သူတို့အတွက် လုံခြုံရေး စားဝတ်နေရေးနဲ့ ကျန်းမာရေးအပြင် နေထိုင်ဖို့ပါ စီစဉ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း နေရပ်ပြန်လိုသူတွေကို ကိုယ့်သဘောဆန္ဒအလျောက်သာ ပြန်လွှတ်မှာဖြစ်ပြီး အတင်းအကျပ် ပြန်မပို့ဘူးလို့ ပြောကြားထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဘင်္ဂါလီ ၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွား ကြတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013