DVB Logo
Home
မြန်မာသတင်း
ဆိပ်ကမ်းကိုယ်စားလှယ် ဦးနေမျိုးအောင် လွှတ်တော်အထူးအစည်းအဝေးတွင် ကျမ်းသစ္စာကျိန်မည်
DVB
·
November 17, 2018
ဆိပ်ကမ်းကိုယ်စားလှယ် ဦးနေမျိုးအောင် လွှတ်တော်အထူးအစည်းအဝေးတွင် ကျမ်းသစ္စာကျိန်မည်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမဲဆန္ဒနယ် ၂ က ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးနေမျိုးအောင်ကို ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုသွားမယ်လို့  သိရပါတယ်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက်နေ့  မနက် ၁၀ နာရီမှာ ခေါ်ယူထားပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “အထူးအစည်းအဝေးက ကြားဖြတ်အနိုင်ရ ကိုယ်စားလှယ်ကို ကျမ်းသစ္စာကျိန်ဆိုဖို့ ခေါ်ယူထားတယ်လို့ သိထားရပါတယ်။ တခြားဆွေးနွေးဖို့ ကိစ္စတွေတော့ ထူးထူးခြားခြားမရှိပါဘူး။ ၂ ရက်လောက်ပဲ လွှတ်တော်က ကြာမယ် ထင်ပါတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ် ဦးနေမျိုးအောင်က အနိုင်ရခဲ့ပါတယ်။

အခုအနိုင်ရခဲ့တဲ့ ဦးနေမျိုးအောင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်း ၂ မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း ၉ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်ပြီး မြန်မာတနိုင်ငံလုံးမှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ ကိုယ်စားလှယ်လောင်း အများဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်ဖြစ်ပါတယ်။

အာကာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013