DVB Logo
Home
မြန်မာသတင်း
တရားမ၀င်ခိုးကူးခွေ ကြီးထွားလာမှုနှင့်ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်
DVB
·
August 30, 2012
တရားမ၀င်ခိုးကူးခွေ ကြီးထွားလာမှုနှင့်ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်
1 / 2
Donate to DVB

တရားမ၀င်ခိုးကူးခွေ ကြီးထွားလာမှု အန္တရာယ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး မှာ မနေ့က စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ခိုးကူးခွေ ကြီးထွားလာမှုကြောင့် ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြတဲ့ ရုပ်ရှင်လောက သားတွေ စားရမဲ့သောက်ရမဲ့ဘ၀ ရောက်နေရတဲ့အတွက် အစိုးရအနေနဲ့ အကာအကွယ်ပေးဖို့ လိုတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

[caption id="attachment_30021" align="alignright" width="300" caption="မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း"][/caption]

“ပြည်သူတွေဆင်းရဲမွဲတေနေသလိုမျိုး ကျနော်တို့ လောကသားများဖြစ်တဲ့ စက်မှုလုပ်သားပေါင်း ထောင်ပေါင်းများစွာ၊ ဇာတ်ပို့ဇာတ်ရံပေါင်းထောင်ပေါင်းများစွာ၊ ကိုလူချောလို့ခေါ်တဲ့ တနေ့လုပ်မှတနေ့စားရတဲ့ လူကြမ်းသရုပ်ဆောင်ပေါင်း များစွာဟာ ဒီနေ့ စားရမဲ့သောက်ရမဲ့ဘ၀ ရောက်နေပါပြီ။ ရုပ်ရှင်လောကသားများသည်လည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်းမှာ နေထိုင်ကြတဲ့ နိုင်ငံသားများဖြစ်သည်နှင့်အညီ ကျနော်တို့ရဲ့ ရိုးသားစွာလုပ်ကိုင်နေတဲ့ တရားဝင်လုပ်ကိုင်လုပ်နေတဲ့ လုပ်ငန်းများကို နိုင်ငံတော်က တရားဝင်ကာကွယ်ပေးဖို့လိုပါတယ်။ ဒီလိုမှ ကာကွယ်မပေးဘူးဆိုရင် ကျနော်တို့တွေသည် အခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့ နိုင်ငံသားတို့ရဲ့ ရပိုင်ခွင့်နဲ့အခွင့်အရေးများကို ဆုံးရှုံးနေရပြီလို့ မှတ်ယူရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

တရားမ၀င် ခိုးကူးခွေ ကြီးထွားလာမှုမှာ အုပ်ချုပ်ရေးအာဏာပိုင်အချို့ရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေပြီး ပြန်ကြားရေးဝန်ကြီးဌာနမှာ တရားဝင် ဖြန့်ရောင်းလိုင်စင် ရယူထားတဲ့သူတွေ တချို့တောင် တရားမ၀င် အခွေတွေကို ဖြန့်ဖြူးရောင်းချနေတယ်လို့ ရုပ်ရှင်အစည်းအရုံးက ပြောပါတယ်။

ခိုးကူးခွေဖြန့်ဖြူးတဲ့လုပ်ငန်းဟာ သာမန် စီးပွားရေးလုပ်ငန်းတွေ မဟုတ်တော့ဘဲ စီးပွားရေးလုပ်ငန်းကြီးတွေ အဆင့်ရှိတယ်လို့လည်း ဦးဇင်ဝိုင်းက ပြောပါတယ်။

“ကြည့်မြင်တိုင်မြို့နယ်မှာ ဖမ်းဆီးတဲ့ ဖြစ်စဉ်တခုမှာ မနက် ၉ နာရီမှာ အဲဆိုင်ကဖွင့်ပါတယ်။ ဆိုင်ဆိုပေမယ့် အိမ်အပေါ်ထပ်မှာ အိမ်ခန်းထဲမှာလုပ်နေတဲ့ ခိုးကူးဆိုင်ပါ။ ၀င်ရောက်ဖမ်းဆီးလိုက်တဲ့အချိန်မှာ မြန်မာဗီဒီယို၊ ရုပ်ရှင်၊ သီချင်းခွေ၊ ကာရာအိုကေ၊ အငြိမ့်၊ တရားခွေ၊ ညစ်ညမ်းခွေ၊ နိုင်ငံခြားအခွေ မျိုးစုံ အချပ် ၆ သောင်း ကျော်ဖမ်းဆီးမိပါတယ်။ ငွေသားအဖြစ် နာရီဝက်အတွင်း ရောင်းချရငွေဖြစ်တဲ့ ငွေသား ၁၂ သိန်းနီးပါး ဖမ်းဆီးရမိပါတယ်။ ဒီဖြစ်စဉ်ကို ဆက်ပြီး စုံစမ်းတဲ့အခါ အဲတနေရာတည်း ရောင်းအားသည် တနေ့ကို သိန်း ၁၀၀ကျော် အထက်မှာ ရှိတယ်လို့ဆိုပါတယ်။”

ခိုးကူးဖြန့်ချိတဲ့ တရားဥပဒေမဲ့လုပ်ရပ်တွေကို ထိရောက်စွာ အရေးယူပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက စာရေးသားပေးပို့ တောင်းဆိုထားပါတယ်။

 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ လက်လှမ်းမီရာ ရန်ကုန်မြို့ ဧရိယာအတွင်းကိုပဲ လိုက်လံဖမ်းဆီးမှုအချို့ ပြုလုပ်နိုင်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ပေးဖို့ အခုလို တောင်းဆိုတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013