DVB Logo
Home
မြန်မာသတင်း
ပြန်ပို့ရေးအစီအစဉ် အားနည်းချက်ကြောင့် ဟိန္ဒူ ၄၀၀ ကျော် ပြန်မလာနိုင်ခဲ့ဟုဆို
DVB
·
November 17, 2018
ပြန်ပို့ရေးအစီအစဉ် အားနည်းချက်ကြောင့် ဟိန္ဒူ ၄၀၀ ကျော် ပြန်မလာနိုင်ခဲ့ဟုဆို
Donate to DVB

ဘင်္ဂလားဒေ့ဘက်ကနေ နေရပ်ကို ပြန်လာချင်လို့ အစိုးရအဖွဲ့ဆီ တရားဝင်ဆက်သွယ်ခဲ့တဲ့ ဟိန္ဒူလူမျိုး ၄၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ဆောင်ရွက်မှု အားနည်းချက်ကြောင့် နေရပ်ကို မပြန်လာနိုင်ခဲ့ဘူးလို့ ရခိုင်ပြည်နယ် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ခွာသွားသူတွေထဲမှာ ဘင်္ဂါလီ လူမျိုးတွေတင်သာမက ဌာနေ ဟိန္ဒူလူမျိုးတွေပါ ပါဝင်သွားခဲ့ပြီး ဒီလူတွေထဲကမှ အယောက် ၄၀၀ ဟာ ရခိုင်ပြည်နယ်ကို ပြည်လာချင်လို့ အစိုးရအဖွဲ့ဆီ တရားဝင် ဆက်သွယ်ခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည်ပို့ဆောင်ပေးဖို့ မြန်မာဘက်ကို ပြန်လည်ပေးပို့တဲ့စာရင်းတွေထဲမှာ ဒီလူတွေ မပါဝင်ခဲ့ဘူးလို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်လာချင်တဲ့ ဟိန္ဒူလူမျိုး အယောက် ၄၀၀ ကျော်က ကျနော်တို့ဆီကို ပြန်လာချင်တယ်လို့ တရားဝင် ဆက်သွယ်ခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကနေ ပြန်လာဖို့ ဖောင်ဖြည့်ရတာတွေ စာရင်းပေးတာတွေလုပ်မှ ခေါ်လို့ရမှာ။ အခုကပြန်လာချင်ပေမယ့် စာရင်းမှာ ပါမလာတော့ ဘာမှ လုပ်မရဘူး။ ပထမအသုတ် လူ ၂ ထောင်ကျော်မှာလည်း မပါဘူး။ နောက်အသုတ်မှာလည်း မပါတော့ ဒီလူတွေကို ဦးစားပေး ပြန်လာနိုင်အောင် ညှိနှိုင်းရမှာပေါ့။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ၂ နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လာချင်တဲ့ သူတွေကို ပြန်လာလို့ရအောင် သေချာအသိပေးသင့်တယ်” လို့ ဦးစိုးအောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာသွားတဲ့သူတွေကို နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး ပြန်လည်လည်ခံရေး လုပ်ငန်းတွေ စတင်ခဲ့ပေမယ့် ၂ ရက်မြောက်တဲ့အထိ ပြန်လာတဲ့သူတွေ မရှိသေးဘဲ လက်ခံရေးကိစ္စတွေ ရွှေ့ဆိုင်းထားပါတယ်။

ဒါပေမယ့် မြန်မာအစိုးရဘက်ကတော့ ပြန်လာမယ့်သူတွေအတွက် စားဝတ်နေရေး၊ လုံခြုံရေး စတာတွေ အားလုံး ဆောင်ရွက်ပေးနိုင်အောင် အဆင်သင့်လုပ်ဆောင်ထားပါတယ်။

ဒါပေမယ့် မြန်မာအစိုးရဘက်ကတော့ ပြန်လာမယ့်သူတွေအတွက် စားဝတ်နေရေး၊ လုံခြုံရေး စတာတွေ အားလုံး ဆောင်ရွက်ပေးနိုင်အောင် အဆင်သင့်လုပ်ဆောင်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း နေရပ်ပြန်လိုသူတွေကို ကိုယ့်သဘောဆန္ဒအလျောက်သာ ပြန်လွှတ်မှာဖြစ်ပြီး အတင်းအကျပ် ပြန်မပို့ဘူးလို့ ပြောကြားထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဘင်္ဂါလီ ၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွား ကြတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013