DVB Logo
Home
မြန်မာသတင်း
SME လုပ်ငန်း ချေးငွေရရေး ဘဏ်များ၏ယုံကြည်မှု တည်ဆောက်ရမည်ဟု ဦးဖြိုးမင်းသိန်းပြော
DVB
·
November 17, 2018
SME လုပ်ငန်း ချေးငွေရရေး ဘဏ်များ၏ယုံကြည်မှု တည်ဆောက်ရမည်ဟု ဦးဖြိုးမင်းသိန်းပြော
Donate to DVB

အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် ချေးငွေ လိုအပ်မှာဖြစ်ပြီး ချေးငွေရရှိဖို့ ဘဏ်တွေရဲ့ ယုံကြည်စိတ်ချမှုရှိဖို့ နည်းပညာ၊ ငွေကြေးသုံးစွဲမှု ဈေးကွက်အခြေနေတွေ ဖန်တီးတည်ဆောက်ရမယ်လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းမကြီးပေါ်ရှိ Myanmar Expo Fortune Plaza မှာ မနေ့က ပြုလုပ်တဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီရဲ့ သတ္တမအကြိမ်မြောက် MSMEs Products ဒေသအတွင်းပြပွဲနဲ့ ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားမှာ ၀န်ကြီးချုပ်က ပြောကြားလိုက်တာပါ။

“ကျနော်တို့ ရန်ကုန်တိုင်းရဲ့ အဓိက ကျောရိုးဟာ SME နဲ့ အခြေခံပြီး မောင်းနှင် အားကတော့ ဘဏ်တွေနဲ့ တွန်းအားပေး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ SME လုပ်ငန်းတွေကို ပိုပြီးတိုးတက်လာဖို့၊ သေးငယ်လတ် စီးပွားရေး လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက် လာဖို့ဆိုရင် သူတို့ရဲ့ လုပ်ငန်းတွေမှာ နည်းပညာ အားဖြင့် ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါမယ်။ ငွေကြေး ကဏ္ဍ သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး အတတ်ပညာတွေ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီ့အပြင် သူတို့လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ချေးငွေလိုအပ်ပါတယ်။ ချေးငွေရရှိနိုင်ဖို့ ဆိုရင် သူတို့မှာ နည်းပညာ၊ ငွေကြေးသုံးစွဲမှု ဈေးကွက် ဒီအခြေအနေတွေကို ဖန်တီးတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ ချေးငွေပေးမယ့် ဘဏ်တွေက ယုံကြည်စိတ်ချပြီး ချေးငွေထုတ်ပေးမှာဖြစ်ပါတယ်။ အသေးစား အလတ်စား အငယ်စား စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ဟာ ကျနော်တို့ အရေးကြီးတဲ့ ကဏ္ဍတခုဖြစ်ပါတယ်။”

ရန်ကုန်တိုင်းအတွင်း အသေးစား အငယ်စား စီးပွားရေးလုပ်ငန်းတွေကို ဒီဂျစ်တယ် နည်းပညာတွေ အသုံးပြုပြီး ဘိုင်အို မတ်ထရစ်စနစ်နဲ့ စာရင်းပြုစုထားကာ စာရင်းပေးသွင်းထားတဲ့ လုပ်ငန်းရှင်ဦးရေ ၃ သောင်းကျော်ရှိပြီး ပိုမိုများပြားနိုင်တယ်လို့လည်း ဆိုပါတယ်။

အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းအချို့ဟာ အခွန်ပေးဆောင်ရတာနဲ့ အခြားအခြားသော ဥပဒေရေးရာ ကိစ္စရပ်တွေကို စိုးရိမ်ပူပန်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေကို မိမိတို့ဘာသာ ဆောင်ရွက်နေကြတယ်လို့ ပြောပါတယ်။

ဒီပြပွဲနဲ့ပြိုင်ပွဲကို အာဆီယံနိုင်ငံတွေနဲ့အတူ မြန်မာနဲ့ ဂျပန်အကြား စီးပွားရေးလုပ်ငန်း အချင်းချင်း ချိတ်ဆက်နိုင်ဖို့၊ Business Matching မှာ ဂျပန်မှ ကုန်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့၊ မြန်မာထုတ်ကုန် အစိတ်အပိုင်းတွေ ဂျပန်ကို ထုတ်လုပ်ပေးနိုင်ဖို့နဲ့ ရောင်းချနိုင်ရေးအတွက် ရည်ရွယ်ပြုလုပ်တာလို့ သိရပါတယ်။

MSMEs Products ဒေသအတွင်းပြပွဲနဲ့ ပြိုင်ပွဲဖွင့်ပွဲကို ဒုသမ္မတ ဦးမြင့်ဆွေလည်း တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013