DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 16, 2018
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၈၉၂၀၀  ပေါက်ဈေးရှိပြီး တအိတ်ကို ၉၅၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၇၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၂၂၀၀ ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၇၀၄၀၀ ကျပ်ရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၁၄၀၀ ရှိပြီး ရန်ကုန်နဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၁၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲတီစိမ်း

ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲတီစိမ်းက တတင်းကို ၂၉၃၀၀ ကနေ ၄၁၂၅၀ ကျပ်ရှိပြီး တတင်းကို ၁၇၃၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတာ့ တတင်းကို ၃၃၃၀၀ ရှိပြီး တတင်းကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မကွေးကုန်စည်ဒိုင် တတင်းကို ၇၉၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်(စမုံ)

မကွေးကုန်စည်ဒိုင်မှာ နှမ်းနက်(စမုံ) က ၄၅ ပိဿာဝင် တအိတ်ကို ၂၆၅၀၀၀ ကနေ ၂၇၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာလည်း တအိတ်ကို ၂၆၅၀၀၀ ကနေ ၂၇၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးနဲ့ အောင်လံကုန်စည်ဒိုင် ဈေးအပြောင်းအလဲ မရှိပါဘူး။

နှမ်းဖြူ

မကွေးကုန်စည်ဒိုင်မှာ နှမ်းဖြူက တအိတ်ကို ၁၉၀၀၀၀ ကနေ ၁၉၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၇၀၀၀၀ ကနေ ၁၈၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၁၀၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက တပိဿာကို ၇၅၀ ကနေ ၉၀၀ ကျပ်ရှိပြီး တပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၆၅၀ ကနေ ၉၀၀ ကျပ်ရှိပြီး တပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို အနိမ့်ဆုံး ၁၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013