DVB Logo
Home
မြန်မာသတင်း
ကျောင်းသား ၂ သိန်းအတွက် ကျန်းမာရေးစစ်တမ်း စတင်ထုတ်ပေးမည်
DVB
·
November 16, 2018
ကျောင်းသား ၂ သိန်းအတွက် ကျန်းမာရေးစစ်တမ်း စတင်ထုတ်ပေးမည်
Donate to DVB

ကျောင်းသား ၂ သိန်းအတွက် ကျောင်းကျန်းမာရေးစစ်တမ်းတွေ ထားရှိနိုင်ရေး စီစဉ်နေပြီး ၂၀၁၉-၂၀၂၀ မှာ စတင်လုပ်ဆောင်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက် ပြည်သူ့လွှတ်တော်မှာ  အင်းတော် မဲဆန္ဒနယ်က ဒေါက်တာဒေါ်ပြုံးရဲ့ ကျောင်းကျန်း မာရေးကဏ္ဍမှာ ကျောင်းသားတိုင်းအတွက် ကျန်းမာရေးမှတ်တမ်း (Health Record) ထားရှိပေးဖို့ အစီအစဉ်ရှိ၊ မရှိ  မေးခွန်းကိုဖြေရင်း ၀န်ကြီးက ပြောခဲ့တာပါ။

“ကျောင်းကျန်းမာရေး စစ်ဆေးခြင်း ဆောင်ရွက်ရာမှာ တနိုင်ငံလုံး တပြေးညီ အသုံးပြုနိုင်ရန် ကျောင်းသား တဦးချင်းစီအတွက် ကျောင်းကျန်းမာရေးစစ်တမ်းကို ၂၀၁၇ ခုနှစ်မှာ ပြန်လည်သုံးသပ်ပြီး ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ဘဏ်အကူအညီနဲ့ စတင်ရိုက်နှိပ်ခဲ့ပါတယ်။”

ခွင့်ပြုရန်ပုံငွေ အကန့်အသတ်ရှိလို့ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ နေပြည်တော်တို့ရှိ မူလတန်း၊ အလယ်တန်းကျောင်းသားကျောင်းသူ ၂ သိန်းလောက်အတွက် ၂၀၁၉-၂၀ မှာ စတင်ထုတ်ပေးမယ်လို့လည်း ပြောပါတယ်။

ကျောင်းကျန်းမာရေးစစ်တမ်း Health Card တွေဟာ တချို့ကျောင်းတွေမှာရှိပြီး တချို့ကျောင်းတွေမှာ မရှိသေးဘူးလို့ ၀န်ကြီးက ပြောသွားပါတယ်။

အင်းတော် မဲဆန္ဒနယ်က ဒေါက်တာဒေါ်ပြုံးကတော့ ကျောင်းကျန်းမာရေးအဖွဲ့တွေဟာ ကျောင်းတွေ စတင်ဖွင့်တဲ့အချိန်လာပြီး သံချဆေးတိုက်တာ၊ သွေးအားတိုးဆေးတိုက်တာ မျိုးတွေပဲ လုပ်ဆောင်ပြီး ကျန်းမာရေးမှတ်တမ်း မရှိဘူးလို့ လွှတ်တော်ထဲ ပြောသွားပါတယ်။

တနိုင်ငံလုံးမှာ အခြေခံပညာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားကျောင်းသူပေါင်း ၉ သန်းခွဲလောက်ရှိပြီး အခြေခံပညာမူလတန်းကျောင်းသားက ၅ သန်းလောက် ရှိနေပါတယ်။

ဒီထဲမှာ တနှစ် တနှစ် သူငယ်တန်း စတင်တက်ရောက်ပညာသင်ကြားသူပေါင်း ၁၂ သိန်းလောက် ပုံမှန်ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013