DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေကျူးကျော်မှု မဖြေရှင်းပေးသဖြင့် တကိုယ်တော် ဆန္ဒပြ
DVB
·
November 16, 2018
လယ်ယာမြေကျူးကျော်မှု မဖြေရှင်းပေးသဖြင့် တကိုယ်တော် ဆန္ဒပြ
Donate to DVB

ပုံစံ ၇ ရှိပေမယ့် လယ်ယာမြေကျူးကျော်ခံရပြီး ဘယ်ဌာနဆိုင်ရာကမှ မဖြေရှင်းပေးတဲ့အပေါ် မကျေနပ်လို့ မုံရွာမြို့မှာ ၃ ကြိမ်မြောက် တကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့က ဖခင်ဦးပိုင်အမည်ပေါက်နဲ့ လယ် ၃ ဧကနီးပါးကို ဖခင်ကွယ်လွန်ပြီး သားဖြစ်သူက လုပ်ကိုင်နေတာပါ။

၂ဝ၁၃ ခုနှစ်မှာတော့ လယ်နားနီး ဦးကျော်မြင့်အောင်ဆိုသူက ကျူးကျော်လာတဲ့အတွက် လယ်/စီအဆင့်ဆင့်အပါအဝင် သက်ဆိုင်ရာအဆင့်ဆင့်ကို တိုင်ကြားခဲ့ပေမယ့် အရေးယူမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါနဲပတ်သက်ပြီး ဇွန်၊ ဇူလိုင် လတွေအတွင်းကလည်း မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်မှာပဲ တကိုယ်တော် ဆန္ဒပြခဲ့ပြီး ထူးခြားမှုမရှိလို့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာတော့ တတိယအကြိမ်အဖြစ် မုံရွာမြို့ကို လာရောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

“ကျနော့်မှာ ပုံစံ ၇ တွေ၊ ၁ဝ၅ တွေ အပြည့်အစုံရှိပါလျက်နဲ့ ဘယ်လယ်စီကိုမှလည်းတိုင်မရ၊ မြို့နယ်လည်း တိုင်မရ၊ ပြည်သူ့တရားရုံးကလည်း တိုင်မရနဲ့။ အဲဒီအတွက် ဒီမှာ တတိယအကြိမ် အဖြစ် လာရောက်ဆန္ဒပြရခြင်းဖြစ်ပါတယ်”လို့ ဆန္ဒပြသူ ဦးဖိုးခိုက ပြောပါတယ်။

လယ်မြေကျူးကျော်ခံရမှုကို သက်ဆိုင်ရာ တရားရုံးတွေကို သွားရောက်ကာ တရားမကြောင်း အကြိမ်ကြိမ် ဦးတိုက်လျှောက်ထားခဲ့ပေမယ့် တရားရုံးတွေက လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း တိုင်းအစိုးရရုံးကို ပုံစံ ၇ မူရင်း၊ ပုံစံ ၁ဝ၅ မူရင်းတွေကို တိုင်းအစိုးရရုံးကို နိုင်ငံပိုင်အဖြစ် သိမ်းဖို့ သွားရောက်အပ်နှံခဲ့ပေမယ့် လက်မခံခဲ့ဘူးလို့ သိရပါတယ်။

လတ်တလောမှာ ပုံစံ ၇၊ ပုံစံ ၁ဝ၃ တွေ ရှိနေပေမယ့် စိုက်ပျိုးစရိတ်ထုတ်ချေးလို့ မရတဲ့ အခက်အခဲတွေပါ ကြုံတွေ့နေရတာပါ။

“အကြိမ်ပေါင်းကို များလှပါပြီဗျာ။ ဒါပေမယ့် ဘာမှ လုပ်ကိုင်ပေးတာမရှိပါဘူး။ လက်ရှိလည်း ၁ ဧကို လုပ်နောတာ အများသိပါတယ်။ ၂ဝ၁၄ ကတည်းက ကျနော့်မှာ ဘဏ်ချေးငွေကအစ ထုတ်မရဘူး။”လို့လည်းပြောပါတယ်။

ပြဿနာဖြစ်နေတဲ့ လယ်ယာမြေက ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရွာမကွင်း ကွင်းအမှတ် ၁၇၂၆ က ဦးပိုင်အမှတ် ၁၇၁ ရှိ ဦးကြည်လင်းအမည်ပေါက် လယ် ၂ ဒသမ ၇၉ ဧကဖြစ်ပါတယ်။

အခုလို ဆန္ဒပြနေလို့မှ မထူးခြားသေးရင် နောက်ထပ် နေပြည်တော် သမ္မတရုံးထိ သွားရောက်ပြီး ပုံစံ ၇၊ ပုံစံ ၁ဝ၅ တွေအပ်နှံသွားမယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013