DVB Logo
Home
မြန်မာသတင်း
တတိယနိုင်ငံသွားချင်သူများနှင့် အကြမ်းဖက်ဆက်နွှယ်သူများ ပြန်လာရန်ဆန္ဒရှိမည်မဟုတ်ဟု မြန်မာပြော
DVB
·
November 16, 2018
တတိယနိုင်ငံသွားချင်သူများနှင့် အကြမ်းဖက်ဆက်နွှယ်သူများ ပြန်လာရန်ဆန္ဒရှိမည်မဟုတ်ဟု မြန်မာပြော
Donate to DVB

တတိယနိုင်ငံကို သွားရောက်လိုသူတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်ခဲ့သူတွေဟာ  မြန်မာနိုင်ငံကို ပြန်လာဖို့ ဆန္ဒရှိမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၁၅ ရက်က  ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသွားသူတွေ ပထမအသုတ်အဖြစ် ရခိုင်ပြည်နယ် မောင်တောဒေသကို ပြန်လာနိုင်ဖို့ နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာဘက်က အသင့်စောင့်နေပေမယ့် တဦးတယောက်မှ ၀င်လာခြင်းမရှိတဲ့ အပေါ်  နေပြည်တော်မှာ သတင်းစာ ရှင်းလင်း ပြောကြားလိုက်တာပါ။

အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက “တဖက်နိုင်ငံမှာ ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာသူတွေကို  သုံးသပ်ရမယ်ဆိုရင် အမျိုးအစား သုံးမျိုးကို တွေ့ရှိရမှာဖြစ်တယ်၊ ပထမအုပ်စုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တတိယနိုင်ငံတစ်ခုခု(ဥပမာ အားဖြင့် ကနေဒါနိုင်ငံ)သို့ သွားရောက်လိုသူတွေဖြစ်တယ်၊ ဒီအုပ်စု အနေနဲ့ ပြန်လာဖို့ စိတ်ဆန္ဒရှိမှာ မဟုတ်ဘူး။  ဒုတိယအုပ်စုက ၂ဝ၁၆နဲ့ ၂ဝ၁၇ ခုနှစ်မှာ ARSA အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့သူတွေဖြစ်တယ်၊ ၊ ရဲစခန်း ၃ဝနဲ့ တပ်မတော်တပ်ရင်း ဌာနချုပ်တစ်ခုတို့ကို ၂ဝ၁၇ ခုနှစ်က တိုက်ခိုက်ခဲ့တဲ့ ARSA အကြမ်းဖက်သမားအများစုရဲ့ စည်းရုံးသိမ်းသွင်းမှုကြောင့်ပါဝင်ခဲ့တဲ့ ရွာသားတွေ အုပ်စုကလည်း ပြန်လာလိုတဲ့ ဆန္ဒရှိမှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

တတိယအုပ်စုကတော့  ရခိုင်ပြည်နယ်မှာ နေအိမ်တွေနဲ့ ဆွေမျိုးတွေ ကျန်ရစ်နေသူတွေ၊ လယ်ယာနဲ့ ငါးဖမ်းစက်လှေ ပိုင်ဆိုင်သူတွေ၊ စီးပွားရေး လုပ်ငန်းရှိသူတွေကတော့  မြန်မာပြည်ကို ပြန်လာလိုတဲ့ ဆန္ဒရှိကြသူတွေဖြစ်တယ်လို့ လည်း ပြောသွားပါတယ်။

တဖက်နိုင်ငံမှ နေရပ်စွန့်ခွာသူတွေကို ပြန်လည်စေလွှတ်ရာမှာ နေရပ်မပြန်လိုသူတွေကို တွန်းအားပေး စေလွှတ်နေမယ်ဆိုရင် ပြန်လာကြမှာ မဟုတ်ပါကြောင်းနဲ့ မိမိဆန္ဒအလျောက် ပြန်လာလိုတဲ့သူတွေကို ဦးစားပေးစေလွှတ်မှသာ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အဆင်ပြေ မယ်လို့လည်း အမြဲတမ်းအတွင်းဝန်က ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူတွေ ပြန်ဝင်လာဖို့ ကြန့်ကြာနေတာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ ပြန်ကြားရေးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့ တက်ရောက် ရှင်းလင်းပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013