DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းပေါ်နာမည်ကြီးနေသည့် ပဲခူးတက္ကသိုလ် ပါမောက္ခဆရာမကြီး၏ ချစ်ဖူးတယ်သီချင်း (ရုပ်သံ)
DVB
·
November 16, 2018
အွန်လိုင်းပေါ်နာမည်ကြီးနေသည့် ပဲခူးတက္ကသိုလ် ပါမောက္ခဆရာမကြီး၏ ချစ်ဖူးတယ်သီချင်း (ရုပ်သံ)
Donate to DVB

“ချစ်ဖူးတယ်… ချစ်ဖူးတယ်… ချစ်ဖူးတယ်… အို မလွယ်ဘူးရူးနိုင်တယ်”

ဒီသီချင်းစာသားလေးကို ကြားလိုက်တာနဲ့ ဒါဟာ နာမည်ကြီးတေးသံရှင် ချစ်ကောင်းရဲ့ ကျော်ကြားခဲ့တဲ့ ကိုယ်တိုင်ရေးပုံတူ အမည်ရတဲ့ သီချင်းထဲက စာသားတွေမှန်း အားလုံးက သိကြပြီးဖြစ်မှာပါ။

အခုရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ထူးခြားတဲ့ပုံစံတမျိုးနဲ့ ပရိသတ်တွေက ဒီသီချင်းကို နားဆင်ကြရမှာဖြစ်ပြီး သီဆိုထားခဲ့သူကတော့ ပဲခူးတက္ကသိုလ် ရူပဗေဒဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါ်ခင်မာအုန်း ဖြစ်ပါတယ်။

“အို နံရံအားလုံး နားတွေရှိရင်… ဘဝကိုသီချင်းလုပ်ဆိုချင်တယ်… ဘဝရဲ့အစဟာ အချစ်တဲ့လားကွယ်… အချစ်နဲ့ဆုံးနိုင်ဖွယ်ရာမမြင်… ဓာတ်ပြားချပ်တခုလို ဘဝပေါ်မှာ အပ်ကြောင်းထပ်ခဲ့ပြီ အချစ်ဆိုတာ”

မြူးကြွတဲ့ ဒီတေးသီချင်းစာသားတွေနဲ့ သီဆိုထားတဲ့ ဆရာမကြီးရဲ့ အိနြေ္ဒရရ သီဆိုဟန် ပုံရိပ်တွေကိုတော့ တပည့်တဦးဖြစ်တဲ့ တက္ကသိုလ်ဇင်ဝေထွန်း အမည်ရတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကနေ မျှဝေထားခဲ့ပြီး ခုလိုရေးထားခဲ့တာ ဖြစ်ပါတယ်။

“ချစ်ဖူးတယ်...ချစ်ဖူးတယ်လို့ ခဏခဏပြောတတ်တဲ့ ကျနော်တို့ရဲ့ ချစ်ရတဲ့.........💛တေးသံရှင်ကြီး”

ကျောင်းရဲ့ ပွဲအခမ်းအနားတခုမှာ ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆရာမကြီးကို ပန်းကုံးစွပ်ဂုဏ်ပြုသူတွေ၊ သဘောကျနှစ်သက်ကြတဲ့ တပည့်တပန်းတွေရဲ့ ပုံရိပ်တွေကိုပါ တွေ့ရပါတယ်။

“အို ရင်ကိုခွဲလို့ အသည်းကိုနှုတ်ယူ… ကိုယ့်ကို နင်းချေလေသူရေ… အချစ်ရဲ့အဓိပ္ပာယ် ကိုယ့်အတွက် အရှုံးဟေ့… ဒုက္ခကပျားရည်လိုချိုတယ်… ဓာတ်ပြားချပ်တခုလို ဘဝပေါ်မှာ… အသည်းတွေကွဲလိုကွဲ… ဘဝရေစီးကြောင်းထဲ မြုပ်ပါမျော… ကိုယ့်အသည်း…  ပျားတုပ်နေ… ချစ်ရတာ အရသာလား… အချစ်ဆိုတဲ့ အဆိပ်တွေလား… စဉ်း စား… စဉ်းစား”

လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို တရက်အတွင်း ဝင်ရောက်ကြည့်ရှုသူ ၆ သောင်းကျော်  ရှိနေခဲ့ပြီး မှတ်ချက်ရေးသူ၊ ပြန်လည်မျှဝေသူတွေနဲ့ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013