DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ဝင်လာသူမရှိဟု ၀န်ကြီးဒေါက်တာဝင်းမြတ်အေး ပြော
DVB
·
November 15, 2018
ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ဝင်လာသူမရှိဟု ၀န်ကြီးဒေါက်တာဝင်းမြတ်အေး ပြော
1 / 2
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ပြန်ဝင်လာမယ့်သူတွေကို ရခိုင်ပြည်နယ်၊ မောင်တော တောင်ပြိုလက်ဝဲစခန်းမှာ စောင့်ဆိုင်းနေပေမယ့် ညနေပိုင်းအထိ ပြန်ဝင်လာသူ တဦးမှ  မရှိသေးဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

လူကယ်ပြန်ဌာန ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုဝန်ကြီး ဦးစိုးအောင်၊ လဝက ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူနဲ့ ရခိုင်ပြည်နယ် ဝန်ကြီချုပ်ဦးညီပု အဖွဲ့တွေက  ပြန်ဝင်လာမယ့် ဒုက္ခသည်တွေကို ဒီကနေ့မွန်းလွဲပိုင်းကတည်းက သွားရောက် စောင့်ဆိုင်းနေခဲ့ကြတာပါ။

ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းမှာ စတင်မယ်လို့ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေကလည်း ပြောကြားထားပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ဘက်မှာ နေရပ်မပြန်လိုကြတဲ့ ဒုက္ခသည်တွေက ဒီကနေ့ဆန္ဒပြခဲ့ကြပြီးနောက်  နေရပ်ပြန်မယ့် အစီအစဉ် ဆိုင်းငံ့ထားတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

မြန်မာနိုင်ငံက  ကနဦး စစ်ဆေးအတည်ပြုပြီးတဲ့  ဒုက္ခသည် ၂၀၀၀ ကျော်ထဲက ပထမ အသုတ်အဖြစ် ဒီကနေ့ လူ ၁၅၀ လောက် လွှဲပြောင်းပေးဖို့ နှစ်နိုင်ငံအစိုးရတွေ သဘောတူ ထားခဲ့ကြတာပါ။

ဘင်္ဂလားအခြေစိုက် The Daily Star သတင်းစာမှာတော့ မြန်မာနိုင်ငံသို့ ဒုက္ခသည် စတင်လွှဲပြောင်းမှုကို ဘန်ဒရာဘန်ဒေသ ဂေါင်းဒုံမှာ ဒီကနေ့ မွန်းလွဲ ၂ နာရီ စတင်မယ်၊ ဘယ်ဒုက္ခသည်ကိုမှ အတင်းအကြပ်ပြန်ပို့မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရအာဏာပိုင်တွေက ပြောထားပါတယ်။

ဒါအပြင် ဒုက္ခသည်တွေကို သယ်ဆောင်ဖို့ ဘတ်စ်ကား ၅ စီး အသင့်ပြင်ဆင်ထားပြီး သူတို့အတွက် ၃ ရက်စာ စားနပ်ရိက္ခာ ပေးအပ်သွားမယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်ရှိ ကီရန်တိုလီနဲ့ ဂေါင်းဒုံမှာ နေရပ်ပြန်ရေး စခန်း ၂-ခုကို တည်ဆောက်ထားပြီး ဒုက္ခသည်တွေ ရခိုင်ပြည်နယ်သို့ ပြန်မ၀င်မီ အဆိုပါ စခန်းတွေမှာ ခေတ္တနေထိုင်ကြဖို့ စီစဉ်ထားပါတယ်။

ဒီကနေ့ နေရပ်ပြန်ပို့ဖို့ လူ ၁၅၀ အတွက်အားလုံး အသင်ြ့ပင်ဆင်ထားခဲ့ကြောင်း၊ မြန်မာဘက်က လက်ခံဖို့အတည်ပြုပြီးသူ ၂,၂၆၀ အနက် ကျန်ရှိနေသူတွေကို ၁၅ ရက်အတွင်း ဆက်လက်လွှဲပြောင်းမှာဖြစ်ကြောင်း  ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ နေရပ်ပြန်ရေး၊ ပြန်လည် ထူထောင်ရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာ မဟာမင်းကြီး မိုဟာမက်အဘူကယ်လန်က ပြော ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013