DVB Logo
Home
မြန်မာသတင်း
မြန်မာ့မီးရထား ကျပ်ဘီလီယံ ၁၀၀ ခန့် အရှုံးပေါ်နိုင်
DVB
·
November 15, 2018
မြန်မာ့မီးရထား ကျပ်ဘီလီယံ ၁၀၀ ခန့် အရှုံးပေါ်နိုင်
Donate to DVB

မြန်မာ့မီးရထားဟာ နှစ်စဉ်လိုလို အရှုံးပေါ်နေပြီး ၂၀၁၈-၁၉ဘဏ္ဍာနှစ်မှာ ကျပ်ဘီလီယံ ၁၀၀ နီးပါး အရှုံးပေါ်နိုင်ခြေရှိတယ်လို့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တဦးက ပြောဆို ဆွေးနွေးသွားပါတယ်။

တရုတ်ချေးငွေနဲ့ မီးရထားတွဲဆိုင်းသစ်တွေဝယ်ဖို့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက စီစဉ်နေတဲ့အပေါ် နိုဝင်ဘာ ၁၅ ရက် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြရင်း လှိုင်းဘွဲ့ မဲဆန္ဒနယ်က ဦးခင်ချိုက ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“မြန်မာ့မီးရထားဟာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ဝင်ငွေ ကျပ် ဘီလီယံ ၆၂ ဒသမ ၁၇၂ နဲ့ အသုံးစရိတ် ကျပ် ဘီလီယံ ၁၆၀ ဒသမ ၀၉၅ ရှိနိုင်ကြောင်း လျာထားတဲ့အတွက်ကြောင့် အရှုံးဖြစ်ပေါ်နိုင်ခြေဟာ ၉၇ ဒသမ ၉၂၃ ရှိနိုင်ကြောင်း လျာထားတာ တွေ့ရပါတယ်။”

နှစ်စဉ်လိုလို အရှုံးပေါ်နေတဲ့ မြန်မာ့မီးရထားလုပ်ငန်းဟာ တွဲဆိုင်းသစ်တွေ ဝယ်ယူရုံနဲ့ အဆင်မပြေနိုင်ဘဲ မီးရထားလမ်းတွေ ကောင်းမွန်ဖို့နဲ့ ပြည်သူတွေ ယုံကြည်မှုရှိလာအောင် လုပ်ဖို့လည်းလိုအပ်တယ်လို့ ကိုယ်စားလှယ်က ထောက်ပြပါတယ်။

ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက တရုတ်နိုင်ငံက ယွမ်သန်း ၈၀ ချေးပြီး တရုတ်တွဲတွေ ဝယ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ပိုက်ဆံချေးပြီး တရုတ်နိုင်ငံကပဲ ရထားတွဲဝယ်ယူတဲ့အပေါ် မြန်မာပြည်နဲ့ စီးနင်းမယ့်သူတွေအတွက် အဆင်ပြေပါ့မလားလို့ ထောက်ပြတဲ့ ကိုယ်စားလှယ်လည်း ရှိပါတယ်။

မြန်မာ့မီးရထားလုပ်ငန်းမှာမှာ လူစီးတွဲပေါင်း ၉၉၀ ရှိပြီး သက်တမ်း နှစ် ၃၀ ကျော်နေလို့ အစားထိုးရမယ့် တွဲက ၄၅၀ ကျော် ရှိပါတယ်။

လာမယ့် ၁၀ နှစ်အတွင်း မြန်မာ့မီးရထားအနေနဲ့ မီးရထားတွဲပေါင်း ၅၀၀ လောက် အသစ်ဝယ်ယူဖြည့်တင်းဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ရိုးရိုးတန်းတတွဲကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ သိန်းခန့်၊ အထက်တန်းတွဲတတွဲကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ သိန်းကျော် တန်ဖိုးရှိပြီး အခု တရုတ်ကဝယ်မယ့် ရထားတွဲ ၂၈ တွဲက အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ကုန်ကျမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013