DVB Logo
Home
မြန်မာသတင်း
ခရီးသွားလုပ်ငန်းပိုင်ရှင်ကို ဖုန်းခိုးသူဟု စွပ်စွဲရိုက်နှက်စစ်ဆေးခဲ့သူအား ရဲတပ်ဖွဲ့ကစစ်ဆေးနေ
DVB
·
November 15, 2018
ခရီးသွားလုပ်ငန်းပိုင်ရှင်ကို ဖုန်းခိုးသူဟု စွပ်စွဲရိုက်နှက်စစ်ဆေးခဲ့သူအား ရဲတပ်ဖွဲ့ကစစ်ဆေးနေ
Donate to DVB

ရန်ကုန်မြို့ အလုံမြို့နယ်ရဲတပ်ဖွဲ့က Babylon Trekking & Camping Tour ကုမ္ပဏီရဲ့ ဒါရိုက်တာကိုအောင်စိုးထိုက်ကို ဖုန်းခိုးသူလို့စွပ်စွဲပြီး ရိုက်နှက်စစ်ဆေးခဲ့တာနဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့ သူတွေကို အရေးယူနိုင်ဖို့ ရဲတပ်ဖွဲ့က ဌာနအတွင်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကိုအောင်စိုးထိုက်ကို လမ်းမတော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ခေါ်ယူ မေးမြန်းမှုတွေလုပ်ပြီး အခုလို မေးမြန်းမှုလုပ်တာက တကယ်ကျူးလွန်ခဲ့တဲ့ သူတွေကို အရေးယူ နိုင်ဖို့အတွက်ဖြစ်တယ်လို့ ကိုအောင်စိုးထိုက်က ဒီဗွီဘီကိုပြောပါတယ်။

အခုစစ်ဆေးမှုတွေပြီးရင် စီအိုင်ဒီက ဆက်လက်စစ်ဆေးမှာဖြစ်တာကြောင့် ကိုအောင်စိုးထိုက် အားမယ့်ရက်ကိုလည်း ညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၉ ရက် ညနေ ၆ နာရီလောက်က ကိုအောင်စိုးထိုက်ဟာ သမီးဖြစ်သူကို ကျောင်းသွားကြိုချိန်မှာ အရပ်ဝတ်လူ ၂ ဦး လာရောက်ခေါ်ဆောင်ခဲ့ပြီး ရဲစခန်းမှာ နာရီနဲ့ချီကာ ပုံစံထိုင်ခိုင်းတာအပြင် ရိုက်နှက်တာတွေပါ လုပ်ခဲ့တယ်လို့ ကိုအောင်စိုးထိုက်က သတင်း မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

အလုံရဲစခန်းကနေ ကိုအောင်စိုးထိုက်ကို ည(၁၀)နာရီလောက်မှာ ပြန်လွှတ်ခဲ့ပြီး ၄ နာရီကျော် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ အချုပ်ထဲမှာ ရိုက်နှက်စစ်ဆေးမှုတွေအပြင် ၂ နာရီလောက် ပုံစံထိုင်ခိုင်းခဲ့တယ်လို့လည်း ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၁ဝ ရက်က အလုံရဲစခန်းကို တိုင်ကြားဖို့ သွားရောက်ခဲ့ပေမယ့် တရားခံမဟုတ်ဘဲ မှားယွင်းရိုက်နှက်ခဲ့တဲ့အပေါ် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနဲ့ ရိုက်နှက်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေက တောင်းပန်တာကြောင့် အမှုဖွင့်တိုင်ကြားတာမျိုးမလုပ်ဘဲ ကျေအေးပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013