DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသား ၀င်ရောက်နေထိုင်မှု တင်းကျပ်စွာ ထိန်းချုပ်ရန် လိုအပ်ဟုဆို
DVB
·
August 29, 2012
Donate to DVB

မြန်မာနိုင်ငံ နယ်စပ်တွေမှာ နိုင်ငံခြားသား ၀င်ရောက်နေထိုင်မှုကို တင်းကျပ်စွာ ထိန်းချုပ်ကာကွယ်မှုလုပ်ဖို့ လိုအပ်ကြောင်း ညီညွတ် သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (ယူအန်အေ) အဖွဲ့ဝင်တွေနဲ့ တခြားတိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

ဒီနေ့ မနက်ပိုင်း ရန်ကုန်မြို့ ပြည်လမ်း၊ ၉ မိုင်က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေရဲ့ ရခိုင်အရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

ဆွေးနွေးပွဲတက်ရောက်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က “လက်ရှိ မြန်မာနိုင်ငံမှာ နယ်စပ်တွေမှာ မြန်မာနိုင်ငံအတွင်းကို နည်းမျိုးစုံနဲ့ ခိုးဝင်လာတဲ့ နိုင်ငံခြားသားတွေရှိတယ်၊ ရှမ်းပြည်နယ်ရော၊ ရခိုင်ပြည်နယ်ရော၊ ချင်းပြည်နယ်မှာရော ရှိတယ်။ နယ်စပ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ လက်ရှိအစိုးရရဲ့ အားနည်းချက်ပေါ့။ ပြီးတော့ လူဝင်မှုဆိုင်ရာ ၀န်ထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူတွေ အပါအ၀င် နိုင်ငံတော်ရဲ့ လုံခြုံမှုတွေ ဆောင်ရွက်ချက်တွေဟာ အားနည်းကြတယ်။ ဒါတွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့လိုတယ်ဆိုတာ ဆွေးနွေးကြပါတယ်။”

အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ဦးခွန်ထွန်းဦးကလည်း ဒီပြဿနာဟာ  တိုင်းရင်းသားလူမျိုးတိုင်းရဲ့အရေးမို့ အားလုံးဝိုင်းပြီး ကာကွယ်ဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။

“ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေ၊ လက်ရှိဖြစ်နေတဲ့ကိစ္စတွေ အားလုံးဝိုင်းကူလုပ်ရမယ့် သဘောမှာရှိပါတယ်။ ဒါကို ပြေပြေလည်လည်ဖြစ်သွားဖို့၊ အမှန်တရားအတိုင်းဖြစ်သွားဖို့ အားလုံးဝိုင်းလုပ်ရမယ့် သဘောပါ။”

ဒီအစည်းအဝေးမှာ ရခိုင်ပြည်နယ်ပြဿနာအရေးကိစ္စအပြင်   ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့  ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ)၊ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် (ယူအန်အယ်လ်ဒီ) စတဲ့ အဖွဲ့တွေကို  ပြန်လည် အကောင်အထည်ဖော်ဖို့၊ အလုပ်အမှုဆောင်တွေ ရွေးချယ်ပြီး ဆက်လက် လှုပ်ရှားသွားမယ့်အကြောင်းတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ဂရက်အဖွဲ့၊ မွန်ဒီမိုကရေစီပါတီနဲ့ ကရင်အမျိုးသား ဒီမိုကရေစီကွန်ဂရက်က ခေါင်းဆောင်နဲ့ အလုပ်အမှုဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013