DVB Logo
Home
မြန်မာသတင်း
အယ်လ်နီညိုဖြစ်စဉ်ကြောင့် အအေးပေါ့ပြီး နွေရာသီ ပူပြင်းခြောက်သွေ့နိုင်ဟု မိုးဇလ သတိပေး
DVB
·
November 15, 2018
အယ်လ်နီညိုဖြစ်စဉ်ကြောင့် အအေးပေါ့ပြီး နွေရာသီ ပူပြင်းခြောက်သွေ့နိုင်ဟု မိုးဇလ သတိပေး
Donate to DVB

အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်နေလို့ မြန်မာပြည် အောက်ပိုင်းဒေသတွေမှာ အအေးပေါ့နိုင်ပြီး လာမယ့် နွေရာသီမှာ သာမန်ထက်ပိုပြီး ပူပြင်းခြောက်သွေ့နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

အားနည်းတဲ့ အယ်လ်နီညိုဖြစ်ပြီး ဆောင်းရာသီမှာ ညအပူချိန်တွေ တိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။

“ပုံမှန်ထက် ပိုပူနွေးမှာဖြစ်လို့ လာမယ့်ဆောင်းရာသီမှာ ပုံမှန်နှစ်တွေထက်စာရင်တော့ ညအပူချိန်တွေ တက်လာနိုင်တဲ့ အနေအထား ရှိပါတယ်။ ခန့်မှန်းထားတာတော့ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ ပုံမှန်အပူအတိုင်း ရှိပါမယ်။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသတွေမှာတော့ ပုံမှန်ထက် ပိုပူမယ်လို့ ခန့်မှန်းရပါတယ်။”လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်နေတဲ့ ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာ အိန္ဒိယသမုဒ္ဒရာနဲ့ ဘင်္ဂလားပယ်လယ်အော်အထိ သက်ရောက်မှုရှိပြီး အယ်လ်နီညိုဖြစ်တဲ့ နှစ်တွေကျရင် မြန်မာနိုင်ငံမှာ သာမန်ထက်ပိုပြီး ပူပြင်းခြောက်သွေ့လေ့ ရှိပါတယ်။

အထူးသဖြင့် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် လာမယ့်နွေရာသီမှာ ပုံမှန်ထက် ပိုမိုပူပြင်းပြီး ရေရှားပါးမှုနဲ့ ကြုံတွေ့နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ ဦးကျော်မိုးဦးက ပြောပါတယ်။

“လာမယ့်နွေရာသီကတော့ ပုံမှန်နွေရာသီထက် ပိုပြီးတော့ အနည်းငယ်ပူနိုင်တယ်။ ပူနိုင်တဲ့အတွက်ကြောင့်မို့လို့ ကျန်းမာရေးကိစ္စတွေ သတိပေးဖို့ လိုပါတယ်။ သောက်သုံးရေ ရှားပါးမယ့် ပြဿနာမျိုးတွေ ဒါမျိုးတွေ နွေရာသီ မရောက်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားကြဖို့၊ ဆောင်ရွက်ထားကြဖို့ လိုပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ရဲ့ သက်ရောက်မှုကို မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရပြီး မြစ်ဝကျွန်းပေါ်ဒေသနဲ့ မြန်မာပြည်တောင်ပိုင်းမှာ ပူပြင်းခြောက်သွေ့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013