DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဇဘဏ်၊ မြ၀တီဘဏ်နှင့် ဦးပိုင်ကုမ္ပဏီတို့ ၀င်ငွေခွန် အများဆုံးပေးဆောင်
DVB
·
November 15, 2018
ကမ္ဘောဇဘဏ်၊ မြ၀တီဘဏ်နှင့် ဦးပိုင်ကုမ္ပဏီတို့ ၀င်ငွေခွန် အများဆုံးပေးဆောင်
Donate to DVB

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့တဲ့ ထိပ်တန်း ကုမ္ပဏီစာရင်းမှာ ကမ္ဘာဇဘဏ်၊ မြ၀တီဘဏ်နဲ့ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီတို့ ပါဝင်ပါတယ်။

၂ဝ၁၇-၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်တဲ့ လုပ်ငန်းရှင် ၅ဝ စာရင်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာရာမှာ ဖော်ပြထားတာပါ။

ငွေကျပ်သန်း ၂ဝဝဝဝ အထက် ဝင်ငွေခွန်အများဆုံးပေးဆောင်တဲ့ကုမ္ပဏီက ကမ္ဘောဇဘဏ်ဖြစ်ပြီး ကျပ်သန်း ၁ဝဝဝဝ အထက်ဆောင်တဲ့ ကုမ္ပဏီတွေက မြဝတီဘဏ်နဲ့ မြန်မာ စီးပွားရေး ဦးပိုင် လီမီတက် ကုမ္ပဏီတို့ ဖြစ်ကြပါတယ်။

ကျပ်သန်း ၁ဝဝဝဝ အောက် ဝင်ငွေခွန်ဆောင်တဲ့ ကုမ္ပဏီတွေထဲမှာတော့ ရွှေတောင်ကုမ္ပဏီ၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ International Beverages ကုမ္ပဏီနဲ့ Myanmar Winery & Distillery ကုမ္ပဏီတို့ ပါဝင်ပါတယ်။

သီးခြားထုတ်ပြန်ထားတဲ့ ၂ဝ၁၇-၁၈ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်တဲ့ လုပ်ငန်းရှင် ၅ဝ စာရင်းမှာတော့ Denko Trading ကုမ္ပဏီက  ကျပ်သန်း ၂ဝဝဝဝ အထက် အခွန်အများဆုံးဆောင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

City Mart ကုမ္ပဏီ၊ International Beverages ကုမ္ပဏီ၊ PT Power ကုမ္ပဏီနဲ့ Asia Energy ကုမ္ပဏီတို့ကတော့  ကုန်သွယ်ခွန် ကျပ်သန်း ၂ဝဝဝဝ အောက်ပေး ဆောင်တဲ့ ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။

အခွန်အများဆုံးထမ်းဆောင်သူတွေကို ရွေးချယ်ရာမှာ စည်းကြပ်နှစ် အတွင်း အခွန် အကျေပေးဆောင်တာ၊ သတ်မှတ်ကာလအတွင်း မပျက်မကွက်ပေးဆောင်တာ၊ ၀င်ငွေ ကြေညာ လွှာတွေကို အချိန်မီတင်သွင်းတာ၊ နှစ်အဆက်ဆက်ကောက်ခံတဲ့ အခွန်ငွေအားလုံးကို အခွန် ကြွေးကျန်မရှိ အကျေပေးဆောင်ခဲ့တာ စတဲ့အချက်တွေအပေါ်မူတည် သတ်မှတ်တာလို့ ပြည်တွင်းအခွန်ရုံး က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013