DVB Logo
Home
မြန်မာသတင်း
ရေနက်စိုက်ကွင်းဧက ၄ သောင်းကျော် တောင်သူများကို ထူးကုမ္ပဏီပြန်ပေး
DVB
·
August 29, 2012
Donate to DVB

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၄ မြို့နယ်က ရေနက်ကွင်းဧက ၄ သောင်း ကျော်ကို ဦးတေဇပိုင် ထူးကုမ္ပဏီက စပါးစိုက် တောင်သူတွေကို လွှဲပြောင်းပေးလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း၊ ရေကြည်မြို့နယ် ၄ မြို့နယ်က စပါးစိုက်ဧက ၄ သောင်းကျော်ကို တောင်သူ ၁၂၀၀ ဆီ လွှဲပြောင်းခဲ့ပြီးပြီလို့ ထူးကုမ္ပဏီရဲ့ဒါရိုက်တာ ဦးအောင်သက်မန်းက ဒီဗွီဘီကို အတည်ပြု ပြောကြားပါတယ်။

“ယခင်ဆောက်လုပ်ကတည်းက ကန်ထရိုက် farming (စိုက်ပျိုးမွေးမြူရေး) အနေနဲ့လုပ်ပါတယ်။ ကျနော်တို့ ကုမ္ပဏီက လယ်ယာမှာ အားလုံး ဖော်ပေးတယ်၊ အရင်းအနှီးထုတ်ပေးတယ်၊ စိုက်ပျိုးကိရိယာချပေးတယ်၊ ပျိုးစပါးပေးတယ်၊ မြေသြဇာပေးတယ်။ ထွက်ရှိလာတဲ့ သူတို့ရဲ့ သီးနှံတွေကို ပြန်ပြီးတော့ အရင်းနှိမ်ပြီး သူတို့နဲ့ ကျနော်နဲ့ ခွဲယူတာပါ။ အဲလိုနဲ့ လယ်သမားတွေက ကျနော်တို့အောက်မှာ လုပ်ရင်းနဲ့ ကန်ထရိုက် farming ဖြစ်လာတော့ ၁၀ နှစ်လောက်ကြာလာတော့ လယ်တွေလည်း ချောသွားတယ်၊ အဲအခြေအနေမှာ ဒီလယ်ကို လက်ရှိလုပ်နေတဲ့ လက်ငုပ်တွေကိုပဲ အကုန်လုံး ပြန်လွှဲပေးလိုက်တာပါ။”

မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ  အစိုးရနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေနဲ့ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေက ဒေသခံတောင်သူတွေရဲ့လယ်ယာမြေတွေ သိမ်းယူမှုကို လယ်သမားတွေက နစ်နာမှုတွေအတွက် တောင်းဆို ဆန္ဒဖော်ထုတ်နေချိန်မှာ ခုလို ထူးကုမ္ပဏီက လယ်တွေ ပြန်အပ်လာတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းထဲက ရေနက်ကွင်းတွေကို  အရင်စစ်အစိုးရလက်ထက်က  ကုမ္ပဏီကြီးတွေက စပါးစိုက်တဲ့ လယ်ကွင်းတွေအဖြစ် ပြုပြင်ဖော်ထုတ်ခဲ့တာပါ။

လယ်မြေ ဧက ၄ သောင်းကျော်ကို တောင်သူတွေဆီ အပြီး လွှဲပြောင်း ပေးအပ်ရတာ နဲ့ ပတ်သက်ပြီး ဦးအောင်သက်မန်းက “ကျနော်တို့ နဂိုကတည်းက ရည်ရွယ်ချက်ရှိပါတယ်။ သူတို့ မစိုက်ပျိုးနိုင်တဲ့အခြေအနေမှာ ၀ိုင်းပြီးတော့လုပ်ပေးမယ်။ တချိန်ကျရင်တော့ ဒီအရှုပ်အရှင်းတွေ ဖြစ်ကောင်းလည်း ဖြစ်လာနိုင်တယ် ဆိုပြီး ရည်ရွယ်ထားပါတယ်။ သူတို့လည်း အခုလက်ရှိ သူတို့က လယ်ထွန်တဲ့နေရာမှာလည်း နိုင်ငံတော်ကချပေးတဲ့ မူဝါဒတွေမှာလည်း သူတို့က မြေကိုပိုင်ချင်တာတွေရှိပါတယ်။ ယခင်တုန်းက သူတို့က ဒီအကျိုးအမြတ်ကို မသိသေးတော့ ကျနော်တို့ကို သူတို့နဲ့ လာတွဲလုပ်ကြတယ်။ အခု အကျိုးအမြတ်တွေ ရလာပြီဆိုတော့ ပိုင်ချင်လာတာပေါ့။ ပိုင်ချင်လာတော့ နဂိုကတည်းကလည်း ကျနော်တို့က ရည်ရွယ်ချက်ရှိပြီးသားဆိုတော့ ပြန်လွှဲပေးလိုက်တာပေါ့။”

ဦးအောင်သက်မန်းဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့သား ဖြစ်သလို ထူးကုမ္ပဏီရဲ့ ဒါရိုက်တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013