DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ခွာသွားသူများ ယနေ့နံနက် တောင်​ပြိုလက်​ဝဲသို့ ပြန်ဝင်မလာသေး
DVB
·
November 15, 2018
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ခွာသွားသူများ ယနေ့နံနက် တောင်​ပြိုလက်​ဝဲသို့ ပြန်ဝင်မလာသေး
1 / 4
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် စွန့်ခွာထွက်သွားသူတွေကို ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်ကစပြီး ပထမအသုတ် ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံအစိုးရက စီစဉ်ထားပေမယ့် ဒီမနက် ၁၀ နာရီအထိ တောင်​ပြိုလက်​ဝဲမြို့ရှိ ပြန်​လည်​လက်​ခံ​ရေးစခန်းကို   တဦးတယောက်မှ ပြန်ဝင်လာတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်၊ တောင်​ပြိုလက်​ဝဲမြို့ရှိ ပြန်​လည်​လက်​ခံ​ရေး​စခန်းက ​ကော်​မတီအဖွဲ့ဝင်​တွေနဲ့ သက်ဆိုင်​ရာဝန်​ထမ်းတွေဟာ ဒီကနေ့မနက်​စောစောပိုင်း ၆ နာရီအချိန်​လောက် ကတည်းကစပြီး ​ ပြန်​လည်​ဝင်​​ရောက်​လာမယ့်သူတွေကို လက်​ခံဖို့ အဆင်​သင့် ဖြစ်​​နေကြပြီဖြစ်​ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ခွာသွားသူတွေကို နိုဝင်ဘာ ၁၅ ရက်ကစပြီး ပထမ အသုတ်အနေနဲ့ လူဦးရေ ၂၀၀၀ ကျော်ကို ပြန်လည်လက်ခံမှာဖြစ်ပြီး တရက်ကို လူဦးရေ ၁၅၀ နဲ့ ၁၅ ရက်ကြာ လက်ခံရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်မှာပါ။

ပြန်လာမယ့်သူတွေအတွက်လည်း လုံခြုံရေး၊ နေထိုင်ရေးနဲ့ စားဝတ်နေရေးအပြင် ဥပဒေနဲ့ ညီညွတ်ပါက နိုင်ငံသား ဖြစ်ခွင့်ပါလျောက်ထားနိုင်တယ်လို့  လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးစခန်းတွေကို အာဆာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက် ခံရပြီး နောက်ပိုင်း အဲဒီဒေသမှာ နေထိုင်သူ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်သွားခဲ့ကြတာဖြစ်ပါတယ်။

လတ်တလော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြသူပေါင်း ၇ သိန်းကျော်လောက် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013