DVB Logo
Home
မြန်မာသတင်း
ဖုန်းထဲ ညစ်ညမ်းဗွီဒီယိုဖိုင်ထည့်ထားသည့် မြန်မာအလုပ်သမား ၁ ဦး ထိုင်းတွင် အဖမ်းခံရ
DVB
·
November 15, 2018
ဖုန်းထဲ ညစ်ညမ်းဗွီဒီယိုဖိုင်ထည့်ထားသည့် မြန်မာအလုပ်သမား ၁ ဦး ထိုင်းတွင် အဖမ်းခံရ
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဟန်ဒုံးမြို့နယ်ထဲမှာ လက်ကိုင်ဖုန်းထဲ ညစ်ညမ်းဗွီဒီယိုဖိုင် ထည့်ထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တဦး အဖမ်းခံရတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံက အင်တာနက်အသုံးပြုပြီး အသက် ၁၈ နှစ်အောက်ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအခွင့်အရေး စော်ကားခံရမှု ကာကွယ်ရေးအဖွဲ့ (Thailand Internet Crimes Against Childern)  ဟာ Cellebrite လို့ခေါ်တဲ့ တယ်လီဖုန်းအချက်အလက် စုံစမ်းရေး ခေတ်မီကိရိယာကို အသုံးပြုပြီး ကလေးနဲ့ လူငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်တရော်ပြုလုပ်ပုံ၊ ညစ်ညမ်းဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေ လိုက်လံထောက်လှမ်း ရှာဖွေနေပါတယ်။

အဲဒီလိုရှာဖွေရာမှာ VIVO တံဆိပ် 1724 အမျိုးအစား တယ်လီဖုန်းတလုံးဟာ ညစ်ညမ်းဗွီဒီယိုတွေ ဒေါင်းလုတ် လုပ်ထားကြောင်း သိရှိရတဲ့အတွက် ချင်းမိုင်ခရိုင် တရားရုံးခွင့်ပြုချက်နဲ့ ဖုန်းကိုင်ဆောင်သူကို နိုဝင်ဘာ ၁၃ ရက် မနက် ၁၀ နာရီက သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ အမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့က ရဲမှူး ချတ်မုံးခွန်း ဝဇီနမွန်းက သတင်းထောက်တွေကို ပြောပါတယ်။

စုံစမ်းထောက်လှမ်းချက်အရ အဲဒီဖုန်းပိုင်ရှင်ဟာ ဟန်ဒုံးမြို့နယ် ဟန်ကယောက် ရပ်ကွက်တွင်းရှိ အိမ်ယာတခုက လုံခြုံရေးအစောင့်ဝန်ထမ်းဖြစ်သူ အသက် ၂၁ နှစ်ရွယ် မြန်မာအလုပ်သမား စိုင်းယုမ့်ခေး ဆိုသူဖြစ်ကြောင်း သိရှိရတယ်လို့ ဆိုပါတယ်။

သူ့ရဲ့လက်ကိုင်ဖုန်းထဲမှာ ၁၈ နှစ်အောက် ကလေးသူငယ်များ မဖွယ်မရာ ဓာတ်ပုံနဲ့ ညစ်ညမ်း ဗွီဒီယိုဖိုင်တွေ တွေ့ရှိကြောင်း၊ တချို့ပုံတွေကိုလည်း စွန့်ပစ်ဖိုင်တွေထဲမှာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဖုန်းပိုင်ရှင်ကတော့ သူဟာ တဦးတည်းရှိနေချိန် အာသာဖြေလိုစိတ်နဲ့ အဲဒီဖိုင်တွေကို LINE အပလီကေးရှင်းကနေ ဒေါင်းလုတ်ဆွဲယူထားတာဖြစ်ပြီး ဥပဒေအရ တားမြစ်ထားတယ် ဆိုတာလည်း မသိဘူးလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေကတော့ သူ့ရဲ့လက်ကိုင်ဖုန်းနဲ့ ဖုန်းကတ် ၂ ခုကို သိမ်းဆည်းလိုက်ပြီး  တည်ဆဲဥပဒေနဲ့ အရေးယူ ဒဏ်ပေးသွားမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၁၅ ခုနှစ်က ပြင်ဆင်ပြဋ္ဌာန်းထားတဲ့ ကွန်ပျူတာဥပဒေ ပုဒ်မ ၁/၁၇ အရ မည်သူမဆို အသက် ၁၈ နှစ်အောက် ကလေးများရဲ့ မဖွယ်မရာ (ကိုယ်လုံးတီး)၊ ညစ်ညမ်းဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေကို မိမိအကျိုးစီးပွားအလို့ငှာ သိမ်းဆည်းထားတာ၊ တဆင့်ဖြန့်ဝေတာတွေ ပြုလုပ်တယ်ဆိုရင် ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၁ သိန်းအထိ ပြစ်ဒဏ်ကျခံရမယ်လို့ ဖော်ပြထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013