DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 14, 2018
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၉၀၇၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၇၇၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၇၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၃၇၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၇၁၁၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၆၅၀၀၀ ကနေ ၇၈၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၆၉၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ရန်ကုန် ကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၇၀၀ ကနေ ၁၃၅၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၇၅၀ ကနေ ၉၅၀ ပေါက်ဈေးရှိပြီး တပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၄၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၇၃၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မြင်းခြံကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၇၅၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၂၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၉၀၀၀၀ ကနေ ၂၀၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၉၃၀၀၀ ကနေ ၁၉၅၀၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၅၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်(စမုံ)

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ) က တအိတ်ကို ၂၅၀၀၀၀ ကနေ ၂၇၃၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၅၃၀၀၀ ကနေ ၂၆၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၈၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013