DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာနှိပ်ကွပ်မှု ခွင့်မလွှတ်နိုင်ဟု အမေရိကန်ဒုသမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို ပြော
DVB
·
November 14, 2018
ရိုဟင်ဂျာနှိပ်ကွပ်မှု ခွင့်မလွှတ်နိုင်ဟု အမေရိကန်ဒုသမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို ပြော
Donate to DVB

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိပ်ကွပ်မှုတွေနဲ့ ပတ်သက်ပြီး ခွင့်မလွှတ်နိုင်တဲ့အကြောင်း အမေရိကန် ဒုသမ္မတ မိုက်ခ်ပန့်စ်က မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ ပြောကြားလိုက်ပါတယ်။

၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့ စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ဒုသမ္မတ မိုက်ခ်ပန့်စ်တို့ သီးသန့်တွေ့ဆုံရာမှာ ပြောကြားလိုက်တာပါ။

“ရိုဟင်ဂျာ ၇ သိန်းလောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားစေခဲ့တဲ့ စစ်တပ်နဲ့ ကင်းစောင့်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေဟာ ခွင့်လွှတ်လို့ မရဘူး” လို့ အမေရိကန် ဒုသမ္မတက ပြောပါတယ်။

သိန်းနဲ့ချီတဲ့လူတွေ နေစရာမဲ့ဖြစ်ခဲ့ရပြီး အသက်တွေ သေဆုံးခဲ့ရတာ အပါအဝင် ဆင်းရဲဒုက္ခတွေဖြစ်အောင် ဖန်တီးခဲ့တဲ့ တာဝန်ရှိတဲ့သူတွေကို အရေးယူဖို့အတွက် တိုးမြှင့်လုပ်ဆောင်မှုတွေကို ကြားသိချင်နေတယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ဒုက္ခသည်စခန်းတွေကနေ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာဒုက္ခသည်တွေ ဆန္ဒအလျောက် နေရပ်ပြန်နိုင်အောင် လုပ်ဆောင်ရာမှာ တိုးတက်မှုတွေကို အမေရိကန်အစိုးရအနေနဲ့ မြင်တွေ့ချင်တယ်လို့လည်း အမေရိကန် ဒုသမ္မတက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ “ကျမတို့နိုင်ငံအကြောင်းကို တခြားနိုင်ငံတွေထက် ကျမတို့ ပိုသိနားလည်တယ်” လို့ တုံ့ပြန်ခဲ့ပြီး မြန်မာအစိုးရအနေနဲ့ နိုင်ငံကို ဘေးကင်းလုံခြုံတဲ့၊ ပိုမိုကြွယ်ဝတဲ့ နိုင်ငံဖြစ်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

အမေရိကန် ဒုသမ္မတကတော့ ဖမ်းဆီးထောင်ချခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ တိုက်တွန်း ပြောကြားခဲ့တယ်လို့ ဝါရှင်တန်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013