DVB Logo
Home
မြန်မာသတင်း
ရန်ကုန်အစိုးရဆေးရုံများတွင် ၀န်ထမ်းလိုအပ်ချက် ပြည့်မီအောင် မခန့်ထားနိုင်
DVB
·
November 14, 2018
ရန်ကုန်အစိုးရဆေးရုံများတွင် ၀န်ထမ်းလိုအပ်ချက် ပြည့်မီအောင် မခန့်ထားနိုင်
Donate to DVB

ရန်ကုန်မြို့ပေါ်က အစိုးရဆေးရုံ အတော်များများမှာ ၀န်ထမ်းအင်အားအပြည့် မခန့်ထား နိုင်တာတွေ့ရတယ်လို့ တိုင်းလွှတ်တော်လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီဝင် ဦးနေဘုန်းလတ် က ပြောပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်ရဲ့ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဟာ တိုင်းအတွင်းမှာရှိတဲ့ အစိုးရဆေးရုံတွေရှိရာဆီ သွားရောက်ပြီး လိုအပ်ချက်တွေ မေးမြန်းဆွေးနွေးနေရာကနေ ၀န်ထမ်း လိုအပ်ချက်ရှိတာကို တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။

“အဓိက တော်တော်များများမှာ တူတဲ့ လိုအပ်ချက်ကတော့ ၀န်ထမ်းအင်အား ပုံစံအပြည့် မခန့်ထားနိုင်တာ၊ ၀န်ထမ်းအင်အား မခန့်နိုင်ဘူး။ နောက်ပြီးတော့ သူနာပြုဆရာမ၊ နောက် ဆရာဝန်တွေလည်း ခန့်ရမယ့်နေရာမှာ မရှိဘူး။ သူနာပြုဆရာမတွေလည်း တော်တော်လေး နည်းပါးတယ်။”

လူနာအရေအတွက်နဲ့ ဆေးရုံက ကုတင်အရေအတွက် မမျှတတာတွေလည်း တွေ့ရပြီး ဆေးရုံထဲက ဈေးသည်ပြဿနာလည်း တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

တိုင်းလွှတ်တော်လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီဟာ ကြည့်မြင်တိုင်မြို့နယ်၊ အရိုး အထူးကုဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံသစ်၊နား နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး၊ တောင်ဥက္ကလာပဆေးရုံ၊ ရန်ကင်းကလေးဆေးရုံတို့ရဲ့ လုံခြုံရေး၊ သန့်ရှင်းရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းတွေကို နိုဝင်ဘာလအတွင်း သွားရောက်ပြီး  ဆွေးနွေးပေါင်းစပ်ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

ကော်မတီအနေနဲ့ ဆေးရုံတွေက တွေ့ရှိချက်တွေနဲ့ လိုအပ်ချက်တွေကို အစီရင်ခံစာရေးပြီး တိုင်းလွှတ်တော်ဥက္ကဋ္ဌကတဆင့် တိုင်းအစိုးရနဲ့ ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတို့ကိုပါ ပေးပို့သွားမှာ ဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဆေးရုံပေါင်း ၁၁၀၀ ကျော်မှာ သူနာပြုပေါင်း ၁၅၀၀၀ ကျော် လစ်လပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မနှစ်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013