DVB Logo
Home
မြန်မာသတင်း
ဗိုလ်တထောင်မြို့နယ်ရှိ သိမ်းဆည်းခံမြေများအတွက် လျော်ကြေးပေးရန် မြေပိုင်ရှင်များဆန္ဒပြ
DVB
·
November 14, 2018
ဗိုလ်တထောင်မြို့နယ်ရှိ သိမ်းဆည်းခံမြေများအတွက် လျော်ကြေးပေးရန် မြေပိုင်ရှင်များဆန္ဒပြ
1 / 6
Donate to DVB

SKY NET ရုပ်သံဌာန ရုံးချုပ်အခြေစိုက်ရာ ဗိုလ်တထောင်မြို့နယ်အတွင်းက မေယုအိမ်ရာ အပါအဝင် စစ်တပ်က သိမ်းယူထားတဲ့ မြေ ၂၁ ဧကအတွက် လျော်ကြေးပေးဖို့ မြေပိုင်ရှင်တွေက အိုးအိမ်ဦးစီးဌာနရုံးရှေ့မှာ ဒီကနေ့မနက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဗိုလ်တထောင်မြို့နယ်အတွင်းက ပြည်သူပိုင်မြေ ၂၁ ဧကကို စစ်တပ်က လွန်ခဲ့တဲ့ခြောက်နှစ် ၂၀၁၃ ခုနှစ်ကတည်းက မတရားသိမ်းယူခဲ့တာဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရထံ တိုင်ကြားမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး အခု အန်အယ်လ်ဒီအစိုးရလက်ထက်မှာလည်း တိုင်ကြားမှုအကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် မြေပိုင်ရှင်တွေဟာ လျော်ကြေးတစုံတရာ မရသေးပါဘူး။

SKY NET ရုပ်သံဌာနဟာ ကမ္ဘာကျော်မီဒီယာတွေဖြစ်တဲ့ CNN၊ NHK တို့လို သတင်းဌာန တွေနဲ့ပူးပေါင်းပြီး ရုပ်သံထုတ်လွှင့်နေတဲ့ မီဒီယာဖြစ်တဲ့အတွက် ပိုင်ရှင်ရှိတဲ့မြေပေါ်မှာ မတရား ရုံးဖွင့်ထားတာကို သိတယ်ဆိုရင် ပြန်ဖယ်ပေးဖို့ ဝတ္တရားရှိတယ်လို့ ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဦးမြင့်အောင်က ပြောပါတယ်။

“ပိုင်ရှင်ရှိတယ်ဆိုတာကို သိတယ်ဆိုရင် ပြန်ဖယ်ပေးရမယ်။ ဒါမှမဟုတ် ပြေလည်အောင် ဆောင်ရွက်ပေးရမယ်။ ကမ္ဘာ့အဆင့်မီဒီယာတွေနဲ့တောင် ဆက်သွယ်အလုပ်လုပ်နေတဲ့သူတွေဟာ ဝတ္တရားကိုသိသင့်တယ်”

မြေသိမ်းခံရသူတဦးဖြစ်တဲ့ ဦးသိန်းစိုးကလည်း “SKY NET မှာ အပြစ်ရှိသလားဆိုတော့ သူ့ကိုပေးရင်တော့ သူကယူမှာပေါ့။ ဒါပေမယ့် ပိုင်ရှင်ရှိရဲ့သားနဲ့ ပေးလိုက်တဲ့သူမှာ အပြစ်ရှိတယ်။ ဒါပေမယ့် ပိုင်ရှင်ပေါ်လာရင်ပြန်ပေးရမယ်ဆိုတာကိုတော့ SKY NET ကသိသင့်ပါတယ်” လို့ ပြောပါတယ်။

စစ်တပ်နဲ့ အိုးအိမ်ဌာနရဲ့ သိမ်းဆည်းထားတဲ့မြေနေရာတွေအတွက် လျော်ကြေးပေးဖို့ ဆန္ဒပြတောင်းဆိုတာ ၂၉ ကြိမ်ရှိခဲ့ပြီဖြစ်ပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့  အိုးအိမ်နဲ့ စစ်တပ်ဘက်က တုံ့ပြန်မှုတစုံတရာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013