DVB Logo
Home
မြန်မာသတင်း
သတင်းလွတ်လပ်ခွင့်အရေး မီဒီယာအဖွဲ့များနှင့် လွှတ်တော်ကော်မတီများ ဆွေးနွေး
DVB
·
August 29, 2012
သတင်းလွတ်လပ်ခွင့်အရေး မီဒီယာအဖွဲ့များနှင့် လွှတ်တော်ကော်မတီများ ဆွေးနွေး
1 / 2
Donate to DVB

လွှတ်တော်ရေးရာကော်မတီ ၅ ခုနဲ့ မီဒီယာအဖွဲ့တချို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး၊ သတင်းလွတ်လပ်ခွင့် ရရှိရေး အကြံပြု ဆွေးနွေးခဲ့ကြပါတယ်။

[caption id="attachment_29984" align="alignleft" width="153" caption="ဦးဇော်သက်ထွေး"][/caption]

နိုင်ငံသားများရဲ့ မူလအခွင့်အရေ၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကော်မတီ၊ အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပရေးရာများဆိုင်ရာ ကော်မတီ၊ ဘဏ္ဍာရေးရာနဲ့ ဥပဒေရေးရာကော်မတီ၊ တောင်သူလယ်သမားနဲ့ ပြည်တွင်းပြည်ပ အလုပ်သမားများဆိုင်ရာ ကော်မတီနဲ့ ပြည်သူများရဲ့ တိုင်ကြားစာနဲ့ အသနားခံဆိုင်ရာ ကော်မတီ စတဲ့ ကော်မတီတွေက ဥက္ကဋ္ဌတွေနဲ့ သတင်းနဲ့ မီဒီယာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ သတင်းလွတ်လပ်ခွင့် ရရှိရေးအတွက် မီဒီယာလောကသားတွေ လက်မှတ်ထိုးပြီး တောင်းဆိုထားချက်အပေါ် လွှတ်တော်ရေးရာ ကော်မတီတွေက ခေါ်ယူတွေ့ဆုံ ဆွေးနွေးတာလို့  တွေ့ဆုံရာမှာ ပါဝင်တဲ့  သတင်းလွတ်လပ်ခွင့်ကော်မတီ ပြောခွင့်ရ ဦးဇော်သက်ထွေးက ပြောပါတယ်။

“ဒီမိုကရေစီနိုင်ငံနဲ့ ထိုက်တန်တဲ့ လွတ်လပ်ခွင့်တွေ ပေးဖို့လိုအပ်တယ်။ အခုဆိုရင် တချို့တ၀က်ရနေသော်လည်းပဲ အနှောင့်အယှက်အဖြစ် ကျန်ရှိနေသေးတဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေလိုမျိုး၊ အီလက်ထရောနစ်ဥပဒေမျိုးတွေမှာ ဒီခေတ်နဲ့လျော်ညီတဲ့ ဥပဒေတွေ ပြင်ဆင်ပြောင်းလဲ ပြဋ္ဌာန်းပေးဖို့၊ နောက်တခုက မီဒီယာသမားတွေ ဥပဒေကျင့်ဝတ်နဲ့အညီ သတင်းရယူတဲ့အခါမှာ ရာဇ၀တ်ပုဒ်မနဲ့ တရားစွဲဆိုတာမဟုတ်ဘဲနဲ့ တရားမကြောင်းဆိုင်ရာနဲ့ပဲ တရားစွဲဆိုဖို့ လိုအပ်ကြောင်းတွေ အကြံဥာဏ်ပေးခဲ့ပါတယ်။ အခုက မီဒီယာသမားတွေရဲ့ သဘောဆန္ဒမပါဘဲနဲ့ ရေးဆွဲတဲ့ မီဒီယာဥပဒေကို အတည်မပြုသေးဘဲနဲ့ မူကြမ်းကို မီဒီယာသမားတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ချပြပြီးတော့ သူတို့ရဲ့ အကြံဥာဏ်ပြုချက်တွေကို ယူပြီးတော့မှ မီဒီယာဥပဒေကို ရေးဆွဲသင့်ကြောင်း အကြံပြုခဲ့ပါတယ်။”

လွှတ်တော်ကော်မတီတွေက မီဒီယာသမားတွေရဲ့ လိုလားချက်တွေကို လွှတ်တော်ဥက္ကဋ္ဌထံ ပြန်လည် တင်ပြသွားဖို့ ရှိတယ်လို့လည်း   ဦးဇော်သက်ထွေးက ပြောပါတယ်။

မီဒီယာတွေဘက်က နိုင်ငံခြားသတင်းထောက်အသင်း၊ မြန်မာဂျာနယ်လစ် အဖွဲ့တွေ၊ စာရေးဆရာသမဂ္ဂ၊ သတင်းလွတ်လပ်ခွင့်ကော်မတီစတဲ့ အဖွဲ့တွေက အဖွဲ့ဝင် ၁၅ ဦးလောက် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
ဒီနေ့တွေ့ဆုံပွဲကို သတင်းဂျာနယ်အယ်ဒီတာတချို့လည်း တက်ရောက်ခဲ့ကြပြီး အစိုးရ၀န်ကြီးဌာနတွေမှာ သတင်းရယူတဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲတွေ တင်ပြခဲ့ကြပါတယ်။ မီဒီယာသမားတွေ စုံစုံညီညီနဲ့ သတင်းလွတ်လပ်ခွင့် ရရှိရေး ၀ိုင်းဝန်းလုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013