DVB Logo
Home
မြန်မာသတင်း
ဖြိုးပြည့်စုံနှင့် ဂျူဝယ်လ်တို့သီဆိုထားတဲ့ ပက်ပ်စီကိုလာ သီချင်း
DVB
·
November 14, 2018
ဖြိုးပြည့်စုံနှင့် ဂျူဝယ်လ်တို့သီဆိုထားတဲ့ ပက်ပ်စီကိုလာ သီချင်း
Donate to DVB

    “သူဟာ ပက်ပ်စီကိုလာ… နွေရာသီ တို့ဘ၀မှာ… ပူလောင်နေတဲ့ ရင်ခွင်… အသည်းနှလုံးထဲထိ… ချိုအေးမွှေးသွား”

    ဒီသီချင်းလေးကို ကြားလိုက်တာနဲ့ ဒါဟာ တချိန်က ရေပန်းစားခဲ့တဲ့ အမျိုးသမီး တေးသံရှင် ဟေမာနေ၀င်းရဲ့ ပက်စီကိုလာသီချင်းမှန်း အားလုံးက သိကြပြီး ဖြစ်မှာပါ။

    ဒီတခါမှာတော့ ဒီသီချင်းကို ပုံစံတမျိုးနဲ့ တေးသံရှင် ဖြိုးပြည့်စုံနဲ့ ဂျူဝယ်လ်တို့က စုံတွဲတေးအဖြစ် သီဆိုထားခဲ့တာကို ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

    “အိုအေစစ်လေး… ရင်မှာအေး… ပက်ပ်စီကိုလာသောက်လိုက်သလို… I Love You… ကျေနပ်သွား… မင်းရဲ့အချစ်က အေးမြတယ်”

    ဒီသီချင်းကို ရေးစပ်ပေးခဲ့သူကတော့ တေးရေးဆရာ စကားလုံး ၀င်းမင်းထွေးဖြစ်ပြီး ဟေမာနေ၀င်းရဲ့ ချိုအေးတဲ့ အသံနဲ့လိုက်ဖက်ကာ လူကြိုက်များ ထင်ရှားခဲ့တဲ့ သီချင်း တပုဒ်ဖြစ်ပါတယ်။

    အခုပြန်လည်ဆန်းသစ်သီဆိုခဲ့တဲ့ ဖြိုးပြည့်စုံနဲ့ ဂျူဝယ်လ်တို့ဟာလည်း The Best of Melody World သီချင်းဆိုပြိုင်ပွဲမှာ ဆုရရှိခဲ့ကြပြီး လတ်တလောမှာ ပရိသတ်အား ပေးမှုတွေ ရရှိနေတဲ့ တေးသံရှင်တွေ ဖြစ်တာမို့ တမျိုးဆန်းသစ်ပြီး ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

    “သူဟာ ပက်ပ်စီကိုလာ… နွေရာသီ တို့ဘ၀မှာ… ပူလောင်နေတဲ့ ရင်ခွင်… အသည်းနှလုံးထဲထိ… ချိုအေးမွှေးသွား… လား လာ လား လာ လား လာ… လား လာ လား လာ လား လာ လား လာ လာ လား လာ လာ လာ လာ”

    ဒီသီချင်းကို ရိုက်ကူးထားမှုမှာတော့ အရင်ခေတ်က ၀တ်စားဆင်ဆင်ယင်မှုနဲ့ တီး ၀ိုင်းနဲ့ သီဆိုထားခဲ့တဲ့ ပုံစံမျိုးနဲ့ ဒါရိုက်တာ တင်ဝင်းလှိုင်က ရိုက်ကူးထားခဲ့တာ ဖြစ်ပါ တယ်။

    ဒီသီချင်းကို Pepsi Cola Myanmar ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှ တဆင့် နိုဝင်ဘာလ ၁၃ ရက်နေ့က မျှဝေခဲ့တာဖြစ်ပြီး တရက်အတွင်း ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သိန်းကျော်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013