DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် ပြုမူဆက်ဆံရန် မဟာသီယာ တိုက်တွန်း
DVB
·
November 14, 2018
ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် ပြုမူဆက်ဆံရန် မဟာသီယာ တိုက်တွန်း
Donate to DVB

မြန်မာအနေနဲ့ ရိုဟင်ဂျာတွေအပေါ် နိုင်ငံသားအဖြစ် ပြုမူဆက်ဆံသင့်တယ်လို့ မလေးရှားနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာ မဟာသီဟာ မိုဟာမက်က တိုက်တွန်းပြောပါတယ်။

စင်ကာပူနိုင်ငံမှာ အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ ရောက်ရှိနေတဲ့ မလေးရှား ၀န်ကြီးချုပ်က နိုဝင်ဘာ ၁၃ ရက် သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းပြောတာဖြစ်ပြီး  မလေးရှား နိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်က တိုင်းတပါးသားတွေကို လက်ခံခဲ့သလိုမျိုး မြန်မာအနေနဲ့ အတုယူ သင့်တယ်လို့ ပြောပါတယ်။

“၁၉၅၇ ခုနှစ်က မလေးရှားနိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်မှာ နိုင်ငံခြားနွယ်ဖွားတွေရှိခဲ့တယ်။ ကျနော်တို့ အားလုံးကို လက်ခံခဲ့တယ်။ သူတို့အားလုံးဟာ ခုဆို နိုင်ငံသားတွေဖြစ်ကုန်ကြပြီ။ သူတို့ဟာ တိုင်းပြည်ရဲ့  နိုင်ငံရေးကိစ္စတွေမှာ ကဏ္ဍတခု ပါဝင်ဆောင်ရွက်နေကြပြီ။ သူတို့ဟာ လွတ်လပ်နေကြပြီ။ သူတို့ဟာ ထိမ်းသိမ်းခံတွေ မဟုတ်ကြတော့ဘူး။ သူတို့ဟာ လူမျိုးရေးအရ ဒါမှမဟုတ် အဲဒီလိုမျိုးဖြစ်လို့ ထိန်းသိမ်းမခံရတော့ဘူး။ သူတို့ဟာ အမှားလုပ်မိလို့ ထိန်းသိမ်း ခံရချင်ခံရမယ် လူမျိုးမတူလို့တော့ ထိန်းသိမ်းမခံရတော့ဘူး။”

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ အနေနဲ့လည်း ရိုဟင်ဂျာတွေကို အကူအညီပေးကြဖို့လည်း မလေးရှားဝန်ကြီးချုပ်က တိုက်တွန်း ပြောသွားပါတယ်။

လက်ရှိ မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်နေတဲ့  ရိုဟင်ဂျာ ပေါင်း တသိန်းလောက်ရှိနေပြီး သူတို့ကိုတော့ မလေးရှားအစိုးရက နိုင်ငံသားအဖြစ် သတ်မှတ် ပေးခြင်း မရှိသေးပါဘူး။

မလေးရှားရောက် ရိုဟင်ဂျာတချို့ကတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရပြီး တချို့ကတော့ မလေးရှား လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတွေမှာ ထိန်းသိမ်းခံနေရပါတယ်။

ဓာတ်ပုံ- အေပီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013