DVB Logo
Home
မြန်မာသတင်း
အိုးမဲ့အိမ်မဲ့ ကျူးပြဿနာကို ဆိုးမွေအဖြစ် လက်ဆင့်မကမ်းရန် အစိုးရကိုတိုက်တွန်း
DVB
·
November 14, 2018
အိုးမဲ့အိမ်မဲ့ ကျူးပြဿနာကို ဆိုးမွေအဖြစ် လက်ဆင့်မကမ်းရန် အစိုးရကိုတိုက်တွန်း
Donate to DVB

အိုးမဲ့အိမ်မဲ့ ကျူးကျော် ပြဿနာကို ဆိုးမွေအဖြစ် လက်ဆင့်မကမ်းဘဲ ပြည်သူ့အစိုးရက စံပြအဖြစ် ဆောင်ရွက်ပေးဖို့  သထုံမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံအတွင်းမှာရှိနေတဲ့ စားကျက်မြေတွေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို စိစစ် ဖော်ထုတ်ပြီး မြို့ရွာစီမံချက်တွေ စနစ်တကျ အမြန်ဆုံးချမှတ်ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆို မနေ့က ပြည်သူ့လွှတ်တော်မှာ တင်သွင်းရာမှာ ပြောကြားလိုက်တာပါ။

“ပြည်သူကို မျက်နှာမူတဲ့အစိုးရအနေနဲ့ နိုင်ငံနဲ့ပြည်သူအတွက် အကျိုးရှိစေဖို့ စနစ်တကျ စီမံချက်ပြီး လုပ်ဆောင်ပေးခြင်းဖြင့် နောက်နောင် ဘယ်အစိုးရတက်တက် တက်လာတဲ့အစိုးရ အတွက် စိန်ခေါ်မှုဖြစ်စေတဲ့ အိုးမဲ့အိမ်မဲ့ ကျူးပြဿနာကို ဆိုးမွေအဖြစ် လက်ဆင့်မကမ်းဘဲ ပြည်သူ့အစိုးရက စံပြအဖြစ် ဆောင်ရွက်ပေးသင့်ပါတယ်”လို့ ဒေါ်မာမာခိုင်က ပြောပါတယ်။

နေစရာအခက်အခဲများကြောင့် မြန်မာနိုင်ငံထဲမှာ ကျူးကျော်နေထိုင်မှုတွေ တနေ့တခြား များပြားလာနေတာဖြစ်ပြီး အမည်ပေါက်ပိုင်ရှင်တွေနဲ့ ကျူးကျော်နေထိုင်သူတွေ အကြားမှာ ခိုက်ရန်ဖြစ်ပွားနေရတယ်လို့လည်း ဆိုပါတယ်။

ဒီပဋိပက္ခတွေကြောင့် နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသလို နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်စေပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာဖို့အတွက်လည်း အဟန့်အတားဖြစ်စေတယ်လို့လည်း  ထောက်ပြပြောပါတယ်။

နိုင်ငံအတွင်းမှာရှိနေတဲ့ စားကျက်မြေတွေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို စိစစ်ဖော်ထုတ်ပြီး မြို့ရွာစီမံချက်တွေ စနစ်တကျ အမြန်ဆုံးချမှတ်ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုကို ဆွေးနွေးဖို့  မနေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကိုယ်စား လှယ်တွေက သဘောတူခဲ့ပါတယ်။။

နိုင်ငံထဲမှာ နေ့စဉ်နဲ့အမျှ မြင့်တက်လာနေတဲ့ လူဦးရေ ထူထပ်များပြားလာတာကြောင့် နေထိုင်ဖို့ နေရာအခက်ရှိနေပြီး အဲဒီအခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် ဒီအဆိုကို တင်သွင်းရတာလို့ အဆိုရှင် ဒေါ်မာမာခိုင်က ပြောပါတယ်။

“ကျမတို့ ပြည်သူတွေက တိုက်တာတွေဆောက်ပေးဖို့လည်း မတောင်းဆိုပါဘူး။ နေစရာမြေပဲ လိုတာပါ။”

နိုင်ငံအတွင်းမှာ စားကျက်မြေ ဧကခုနစ်သိန်းကျော်နဲ့ မြေလွတ်မြေရိုင်း ဧက သိန်းပေါင်း ၄၀၀ ကျော် ရှိတဲ့အတွက် နေစရာအခက်အခဲရှိသူတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ စီမံချက်ချပြီးမှတ်ပြီး မြေယာဖော်ဆောင်ပေးနိုင်သလို စီမံကိန်းမလုပ်ဘဲ နှစ်ပေါင်းများစွာ သိမ်းယူထားတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေထံကလည်း ပြန်လည်စိစစ်ရုပ်သိမ်းပြီး ဆောင်ရွက်နိုင်တယ်လို့လည်း အဆိုရှင်က အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013