Home
မြန်မာသတင်း
ကလေး-ဟားခါးလမ်း တောင်နံရံပြိုကျ၊ ခရီးသည်တင်ယာဉ်များ လမ်းပိတ်
DVB
·
November 13, 2018
46158484_1133713590137867_744412373216919552_n copy
46204126_1133713503471209_3073962107255914496_n
46158484_1133713590137867_744412373216919552_n
46033546_1133713550137871_8633444762487095296_n
ချင်းပြည်နယ်၊ ကလေး-ဟားခါး လမ်းပိုင်း ဗားလုံရွာနဲ့ လုံဘမ်းရွာအကြား တောင်ပေါ် ကားလမ်းမှာ နိုဝင်ဘာ ၁၃ ရက်နေ့ နေ့ခင်း ၁ နာရီလောက်က တောင်နံရံ ပြိုကျနေမှုကြောင့် ခရီးသွားယာဉ်တချို့ ရပ်နားစောင့်ဆိုင်းခဲ့ရတယ်လို့ ခရီးသည်တဦးက ပြောပါတယ်။ "မိုးမရွာဘူး။ တောင်နံရံက တဖြည်းဖြည်း ပြိုကျတယ်။ ကားတချို့ ခရီးသည် ဆင်းခိုင်းပြီး အမြန်ဖြတ်မောင်းတယ်။ ခရီးသည်တွေလည်း ဆင်းပြီး ပြေးဖြတ်ရတယ်" လို့ ခရီးသည် မဇင်မွန်က ပြောပါတယ်။ တောင်ပေါ်လမ်းပိုင်းတွေမှာ မြေစိုထိုင်းမှုကြောင့် လမ်းနံရံတချို့ဟာ မကြာခဏ ပြိုကျမှုတွေ ဖြစ်ပေါ်နေပြီး အချို့နေရာတွေမှာ လမ်းပိုင်း အကုန်ပါသွားတဲ့အထိ မြေပြိုမှုတွေနဲ့ ရင်ဆိုင်နေရ ပါတယ်။ တောင်ပေါ်လမ်း ယာဉ်မောင်းတဦးက "ဒီလို ဖြစ်တာကတော့ မထူးဆန်းတော့ပါဘူး။ လမ်းပိုင်းမြေပြိုတယ်။ အရင်က လမ်းသားအကုန်ပါလို့ စောင့်နေရင်း ဒီလိုဖြစ်ရင် လမ်းပြင်ချိန် စောင့်ရတာကြာတယ်" လို့ ပြောပါတယ်။ ချင်းတောင်လမ်းပိုင်းတွေကို ပြည်နယ်အစိုးရက လမ်းပြိုတတ်တဲ့ နေရာတွေမှာ ယန္တရားတွေထားပြီးအဆက်မပြတ်ပြုပြင်နေပေမယ့် လမ်းပိုင်ပြိုကျမှုဟာ  မနှစ်ကထက် နေရာများလာပြီး ပြိုကျမှုအများဆုံး နေရာတွေကတော့ တီးတိန်နယ် သိုင်းငင်းရွာအနီး မိုင်တိုင် ၂၀ ကျော် ပတ်ကွေ့နေရာ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024