DVB Logo
Home
မြန်မာသတင်း
တရုတ်ချေးငွေဖြင့် ရထားတွဲများဝယ်ယူရန် လွှတ်တော်တင်ပြ
DVB
·
November 13, 2018
Donate to DVB

ခရီးသည်တင် ရထားတွဲတွေ ၀ယ်ယူဖို့အတွက် တရုတ်နိုင်ငံက အတိုးမဲ့ချေးငွေ ယွမ်သန်း ၈၀ ချေးယူခွင့်ပြုဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးက  နိုဝင်ဘာ ၁၂ ရက် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြတောင်းခံလိုက်ပါတယ်။

မြန်မာ့မီးရထားအနေနဲ့ သက်တမ်းလွန်ရထားတွဲပေါင်း ၅၀၀ လောက်ရှိနေပြီး ဒါတွေကို ထည့်သွင်း အသုံးပြုနေရတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။

"မြန်မာ့မီးရထားအနေနဲ့ သက်တမ်းအလိုက် (သက်တမ်းမလွန်သေး) ရထားတွဲပေါင်း ၉၉၀ တွဲရှိပါတယ်။ နှစ်လွန်တွဲပေါင်း (သက်တမ်းလွန်) ၄၅၆ တွဲရှိပြီး ဒီသက်တမ်းလွန် ရထားတွဲတွေကိုလည်း ထည့်သွင်းအသုံးပြုနေရပါတယ်။"

သက်တမ်းလွန် လူစီးတွဲတွေနေရာမှာ ခေတ်မီလူစီးတွဲသစ်တွေ အစားထိုးကာ ခရီးသည်ပို့ဆောင်ရေးအတွက် ဝန်ဆောင်မှု အရည်အသွေးမြှင့်တင်ဖို့ရည်ရွယ်ပြီး အခုလို ချေးယူခွင့်ပြုဖို့ တင်ပြတာလို့လည်း ပြောပါတယ်။

အခုချေးငွေနဲ့ ဝယ်ယူမယ့်ရထားတွဲတွေမှာ လေအိတ်ဘိုဂီပါ အထက်တန်းလူစီးတွဲ ၁၄ တွဲ၊ လေအိတ်ဘိုဂီပါ ရိုးရိုးတန်းလူစီးတွဲ ၁၄ တွဲ၊ စုစုပေါင်း ၂၈ တွဲဖြစ်ပြီး ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ လက်ရှိသုံးနေတဲ့ တွဲဟောင်းတွေအစား တွဲဆိုင်းနှစ်ဆိုင်းခွဲပြီး အစုန်၊ အဆန် ပြေးဆွဲပေး သွားမှာဖြစ်တယ်လို့ ၀န်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။

ချေးငွေကတော့ အတိုးမဲ့ချေးငွေ ယွမ်သန်း ၈၀ ဖြစ်ပြီး ချေးငွေကာလမှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ထိ ၅ နှစ်၊ ပြန်ဆပ်ကာလ ၁၀ နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။

စီမံကိန်းအတွက် ကုန်ကျစရိတ်ကတော့ လေအိတ်ဘိုဂီ ရိုးရိုးတန်းလူစီးတွဲ တတွဲအတွက် အမေရိကန်ဒေါ်လာ ၄၀၉,၈၁၅ ဖြစ်ပြီး ၁၄ တွဲအတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ သန်းကျော်၊ အထက်တန်းလူစီးတွဲ တတွဲအတွက် အမေရိကန်ဒေါ်လာ ၄၄၇,၅၁၈ ဖြစ်ပြီး ၁၄ တွဲအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ သန်းကျော်၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် (ယွမ်သန်း ၈၀) ခန့်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ရန်ကုန်-မန္တလေးလမ်းပိုင်းက ရထားတစီးမှာ နေ့စဉ်ပျှမ်းမျှခရီးသည် ၁၀၀၀ ကျော် စီးနင်းပြီး တဆိုင်းကို ပျှမ်းမျှ ကျပ်သိန်း ၄၀ ကျော်ရတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013