DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 13, 2018
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၈၃၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၂၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၆၅၁၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၆၃၀၀၀ ကနေ ၆၈၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၂၉၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲက ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၆၀၀၀ ကနေ ၇၈၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၁၅၅၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၆၄၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲကြီး

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲကြီးက ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၁၁၅၀၀၀ ကနေ ၁၄၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၂၆၀၀၀ ကနေ ၁၃၅၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၅၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၉၅၀၀၀ ကနေ ၁၉၈၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၉၃၀၀၀ ကနေ ၁၉၅၀၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၃၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းညိုက တအိတ်ကို ၁၇၈၀၀၀ ကနေ ၁၈၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၇၄၄၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၄၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၅၆၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲနဲ့ ပဲစင်းငုံနီက နိုဝင်ဘာ ပထမအပတ်ကနေစပြီး ဈေးတက်လာခဲ့ပေမယ့် နိုဝင်ဘာလလယ်မှာ ဈေးပြန်ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရာသီဥတု အခြေအနေ ဆိုးရွားပြီး အထွက်နှုန်းတွေ ကျဆင်းခဲ့တဲ့အတွက် ပဲအဝယ်ပြန်လိုက်လာပြီး ဈေးက တက်လာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ပဲတင်ပို့မှုက များနေပေမယ့်လည်း အိန္ဒိယက ဈေးလျော့ဝယ်ယူခဲ့တဲ့အတွက် ဈေးက ပြန်ကျဆင်းသွားခဲ့တာပါ။

အိန္ဒိယနိုင်ငံရဲ့ လက်ရှိအခြေအနေက ပဲအထွက်နှုန်း ကျဆင်းနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ထားတဲ့အတွက်ကြောင့် လတ်တလော ဈေးကျဆင်းနေပေမယ့် ပြန်တက်နိုင်တယ်လို့ ဆိုပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013