DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ဒီဗွီဘီ စီဂျေသတင်းထောက် ကိုအောင်စိုးမိုး အာမခံမရသေး
DVB
·
November 13, 2018
ဖမ်းဆီးခံ ဒီဗွီဘီ စီဂျေသတင်းထောက် ကိုအောင်စိုးမိုး အာမခံမရသေး
Donate to DVB

ဒီဗွီဘီရဲ့ ပဲခူးနယ်ခံ စီဂျေသတင်းထောက် ကိုအောင်စိုးမိုးရဲ့အမှုအတွက် အာမခံ လျှောက်ထားချက်ကို ပဲခူးမြို့နယ်တရားရုံးက အမိန့်မချသေးဘဲ ထောင်ဆရာဝန်ကို စစ်ဆေးဖို့ နိုဝင်ဘာ ၁၅ ရက်ကို ပြန်လည် ချိန်းဆိုလိုက်ပါတယ်။

ပဲခူးမြို့၊ အောင်သိဒ္ဓိ ဘဝသစ်ကျောင်းတိုက်ဆရာတော်ကနေ ပဲခူးအခြေစိုက် သတင်းသမား ကိုအောင်စိုးမိုးကို သာသနာညှိုးနွမ်းစေမှုအပါအဝင် ပုဒ်မ(၄)ခုနဲ့ တရားစွဲဆိုထားတဲ့အပေါ် နိုဝင်ဘာ ၁၂ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ကိုအောင်စိုးမိုးကို ဘဝသစ်ဆရာတော်က သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅-က အပြင် ဆဲဆိုမှု၊ စာရွက်စာတမ်းအတုပြုလုပ်မှု၊ ခြိမ်းခြောက်မှုစတဲ့ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတာပါ။ ဒါ့အပြင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့လည်း အမှုဖွင့်ထားတာရှိတာကြောင့် ပဲခူးမြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေရတာပါ။

ကိုအောင်စိုးမိုးဟာ ပဲခူးအကျဉ်းထောင်မှာ အကျဉ်းကျခံနေတာဖြစ်ပြီး ကျန်းမာရေး မကောင်းတာကြောင့် ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာ  အာမခံလျှောက်ထားခဲ့တာလို့ ဆိုပါတယ်။

“သမ္ဗာန်စာမပို့ထားတဲ့အတွက် ဆရာဝန်က မရောက်လာတာပေါ့နော်။ မရောက်လာတဲ့အတွက် လာမယ့်ကြာသပတေးနေ့ ၁၅ ရက်နေ့ကို အာမခံကိစ္စနဲ့ ထပ်ချိန်းထားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတော်ဘက်ကလည်း လိုက်လျောမှုတွေ အများကြီးဖြစ်လာတယ်။ အာမခံရဖို့အလားအလာတွေအများကြီးရှိပါတယ်”လို့ ကိုအောင်စိုးမိုးက ရုံးထုတ်အပြီးမှာ ပြောပါတယ်။

ဘဝသစ်ဆရာတော်စွပ်စွဲထားသလို ပြုလုပ်ခဲ့တာမရှိဘူးလို့ ကိုအောင်စိုးမိုးကပြောဆို ထားသလို သြဂုတ် ၁၀ ရက်ကစပြီး ပဲခူးအမှတ် ၂ ရဲစခန်းမှာ ကိုယ်တိုင်အဖမ်းခံခဲ့ တာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013