DVB Logo
Home
မြန်မာသတင်း
ပျောက်ဆုံးနေသည့် ဆိုင်ကယ်ကယ်ရီသမားကို သေဆုံးလျက်ပြန်တွေ့
DVB
·
November 13, 2018
ပျောက်ဆုံးနေသည့် ဆိုင်ကယ်ကယ်ရီသမားကို သေဆုံးလျက်ပြန်တွေ့
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမှာ ဆိုင်ကယ်ကယ်ရီလိုက်ရာမှ ပျောက်ဆုံးနေသူရဲ့ အလောင်းကို နိုဝင်ဘာ ၁၂ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ဆီအုန်း ကုမ္ပဏီတခုရဲ့ လုပ်ကွက်အမှတ် ၂၆ မှာ ပုပ်ပွနေတဲ့ အလောင်းတလောင်း တွေ့ရှိတယ်လို့ အကြောင်းကြားချက်အရ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေက သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

ပုပ်ပွနေပြီး ပြင်ပဒဏ်ရာရှိမရှိ စစ်ဆေးနိုင်တဲ့ အခြေနေမရှိတဲ့ အမျိုးသားအလောင်းတလောင်းကို တွေ့ရှိရပြီး အလောင်းနဲ့ နှစ်ပေလောက်အကွာမှာ M တံဆိပ်ပါ အပြာရောင် လျာထိုးအုပ်ထုပ်တလုံး၊ အ၀ါရောင်ကျားစီး ဆင်ကြယ်ဖိနပ်တရံကို တွေ့ရှိရပြီး ဆေးစစ်ချက်ယူနိုင်ဖို့ အလောင်းကို ကော့သောင်း ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူမှာ အသက်  ၅၇ နှစ်အရွယ် ဦးထွန်းရီ ဖြစ်ပြီး နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းက လူတဦးကို ဖော့သုတ်ကျေးရွာကို လိုက်ပို့ရင်း ပျောက်ဆုံးသွားတာကြောင့် မိသားစုဝင်တွေက ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ထားတာပါ။

“ကျနော်တို့က သူသွားတတ်တဲ့နေရာတွေ၊ ဖော့သုတ်ရွာကို သွားတဲ့လမ်းကြောင်းတွေကို လိုက်ရှာတာ အခု ၁၀ ရက်ကြာမှ မထင်ထားတဲ့နေရာမှာ အလောင်းအဖြစ် ပြန်တွေ့တာဖြစ်တယ်” လို့  ဆိုင်ကယ်ကယ်ရီသမား ကိုအောင်က ပြောပါတယ်၊။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013