DVB Logo
Home
မြန်မာသတင်း
ချောက်လေအားလျှပ်စစ်စီမံကိန်း ၂ ခုအတွက် ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်
DVB
·
November 13, 2018
ချောက်လေအားလျှပ်စစ်စီမံကိန်း ၂ ခုအတွက် ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ ဆင်က လေအားလျှပ်စစ်စီမံကိန်းနဲ့ စွယ်ပေါက်ကံ လေအားလျှပ်စစ် စီမံကိန်းနှစ်ခုအတွက် Infa Captial Myanmar-ReEx(ICM) ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားဖို့ ရှိနေပါတယ်။

ICM ကုမ္ပဏီ စီမံကိန်းအင်ဂျင်နီယာ ဦးမင်းမင်းဆွေက ''တာဝါတိုင် အမျိုးအစား ၅ မျိုးပေါ်မူတည်ပြီး ကျနော်တို့ရွေးချယ်လိုက်တဲ့ တာဝါတိုင်အမျိုးစားပေါ်မှာ မူတည်ပြီးတော့  ၁ မဂ္ဂါဝပ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း ကနေ ၂ ဒသမ ၅ သန်း ကြား ကုန်ကျမှာပါ။ ကျနော်တို့ စီမံကိန်း တခုဟာ ၅၀ မဂ္ဂါဝပ်ဖြစ်တဲ့အတွက် အမေရိကန်ဒေါ်လာသန်း ၉၀ ကနေ ၁၂၅ သန်း ကြား ကုန်ကျမှာပါ။ ဒါတွေက မြေယာလျော်ကြေး လမ်းဖောက်တာတွေ စတဲ့ အားလုံး ပါဝင်ပါတယ်” လို့ပြောပါတယ်​။

စီမံကိန်းတခုကို ဓာတ်အား ၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့  ဆင်က လေအားလျှပ်စစ်စီမံကိန်းနဲ့ စွယ်ပေါက်က္ကံ လေအားလျှပ်စစ်စီမံကိန်းနှစ်ခုကို ၂၀၁၉ ခုနှစ် နှစ်လည်မှာ စီမံကိန်း အကောင်အထည်ဖော်ဆောင်နိုင်ဖို့  ကြိုးစားဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်​။

'ကျနော်တို့ ရည်မှန်းထားတာကတော့ ၂၀၁၉ နှစ်လယ်လောက်မှာ PPA လျှပ်စစ်ဓာတ်အား ဝယ်ယူရေးစာချုပ်ကို လျှပ်စစ်စွမ်အင်ဝန်ကြီးဌာနနဲ့ လက်မှတ်ထိုးနိုင်ခဲ့ရင် ၂၀၂၁ ခုနှစ် လာက်မှာ စီမံကိန်း ပြီးမယ်လို့ ခန့်မှန်းထားပါတယ်။ ဝန်ကြီးချုပ်နဲ့ ပြောတဲ့အခါမှာ ဝန်ကြီးချုပ်ကလည်း ရှေ့ကို စောစေချင်ပါတယ်။ Project အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေရှိတဲ့အတွက် ၂၀၁၉ နှစ်လယ်မှ (PPA) လျှပ်စစ်ဓာတ်အား ဝယ်ယူရေးစာချုပ် ချုပ်နိုင်မှာဖြစ်တဲ့အတွက် အဲဒါပြီးမှ project စမှာပါ။''

အဆိုပါကုမ္ပဏီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ အထွေထွေ အုပ်ချုပ်ရေးဌာနက တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေကို လေအားလျှပ်စစ်စီမံကိန်းအတွက် ကနဦး ပတ်ဝန်းကျင် လေ့လာဆန်းစစ်ခြင်း ရှင်းလင်းပွဲကို ချောက်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့ပါတယ်။

ကုမ္ပဏီက တည်ဆောက်မယ့် ဆင်က လေအားလျှပ်စစ်စီမံကိန်းအတွက် မြေဧရိယာ ဧက ၅၀ နဲ့ စွယ်ပေါက္ကံ လေအားလျှပ်စစ်စီမံကိန်းအတွက်တော့ မြေဧရိယာ ဧက ၉၀ တို့ကို အသုံးပြုသွားမှာဖြစ်ပါတယ်။

စီမံကိန်းတခုကို လေအားလျှပ်စစ်တာဘိုင် ၁၂ ခုမှ ၁၉ အထိ တည်ဆောက်သွားမှာဖြစ်ပြီး စီမံကိန်း နှစ်ခုကနေ  ဓာတ်အား ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်သွားမယ်လို့ ကုမ္ပဏီက သိရပါတယ်။

ကုမ္ပဏီဟာ မကွေးတိုင်း မင်းလှမြို့နယ် ကန်တွင်း လေအားလျှပ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၁၁၃ မဂ္ဂါဝပ်၊ မင်းတုန်းမြို့နယ် ဇင်တောင် လေအားလျှပ်စစ်စီမံကိန်းမှ ဓာတ်အား ၅၀ မဂ္ဂါဝပ်၊ ချောက်မြို့နယ် ဆင်ကနဲ့  စွယ်ပေါက္ကံ လေအားလျှပ်စစ် စီမံကိန်းတို့မှ ဓာတ်အား ၁၀၀ မဂ္ဂါဝပ် စုစုပေါင်း လျှပ်စစ် ၂၆၃ မဂ္ဂါဝပ် ထုတ်ဖို့လည်း စီစဉ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013