ဝန်ကြီးများ အပြောင်းအလဲအပေါ် အမြင်သဘောထား
DVB
·
August 28, 2012

ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်တင်ဖို့အတွက် သမ္မတဦးသိန်းစိန် အမိန့်နဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုတိယ၀န်ကြီးတွေကို ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်နေ့က ပြောင်းလဲ တာဝန်ပေးအပ်လိုက်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ၉ ဦးနဲ့ ဒုဝန်ကြီး ၁၅ ဦး တို့ကို ပြောင်းလဲတာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲဟာ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီနောက်ပိုင်း အကြီးမားဆုံး အပြောင်းအလဲ ဖြစ်ပါတယ်။ အခုလို ၀န်ကြီးတွေ အပြောင်းအလဲအပေါ် စာဖတ်သူတွေရဲ့ အမြင်သဘောထားတွေကို ရေးသားထားခဲ့နိုင်ပါတယ်။











