DVB Logo
Home
မြန်မာသတင်း
ကြည့်ရှုသူ ၂ သန်းကျော်ရှိနေသည့် မုန်းစွဲရုပ်ရှင်ကား (နမူနာ)
DVB
·
November 13, 2018
ကြည့်ရှုသူ ၂ သန်းကျော်ရှိနေသည့် မုန်းစွဲရုပ်ရှင်ကား (နမူနာ)
Donate to DVB

ဖြစ်ရပ်မှန် တရားတော်တပုဒ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ထားတဲ့ မုန်းစွဲရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။


ဒီကားကိုတော့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လွင်မင်းအံ့ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။


ဒီရုပ်ရှင်ကားဟာ ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ အသေလှတဲ့သူ အမည်ရတဲ့ ဖြစ်ရပ်မှန်တရားတော်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

‘ချစ်စွဲ မုန်းစွဲ’ နဲ့ သေပြီးတော့ လူအဖြစ်ဝင်စားတဲ့အခါမှာ မုန်းစိတ်က အရမ်းစွဲလမ်းနေပြီး မုန်းစွဲစိတ်နဲ့ လူဝင်စားဖြစ်ချိန်မှာ ဒုက္ခများရတဲ့အကြောင်းတွေ၊  အဓိက,ကတော့ ဘဝကို ချစ်ခြင်း၊ မုန်းခြင်း ကင်းကင်းနဲ့ ရှေ့ဆက်ဖို့ လိုတဲ့အကြောင်း၊ လက်ရှိဘ၀မှာရော၊ သံသရာမှာရော အစွဲအလမ်း မကြီးသင့်တဲ့အကြောင်း၊ အမုန်းတရားတွေ ကင်းစင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဇာတ်လမ်းကို ဘယ်လိုပုံဖော်ရိုက်ကူးထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။


ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ နေတိုး၊ ကျော်ကျော်ဗို၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့နဲ့အတူ မကြာခင်ကမှ ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင်မင်းသား မင်းသွေးလည်း ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။


မုန်းစွဲရုပ်ရှင်ကားဟာ ထွက်မလာခင်ကတည်းက ပရိသတ်တွေကြားမှာ နာမည် ကြီးနေခဲ့တာဖြစ်ပြီး ရုပ်ရှင်အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013