DVB Logo
Home
မြန်မာသတင်း
ကြည်အေး၏ နာမည်ကြီး ၀တ္ထုကို ရုပ်ရှင်ရိုက်ကူးရန် ဒါရိုက်တာ ခရစ်(စ)တီးနားခီ ၀ယ်ယူ
DVB
·
November 13, 2018
ကြည်အေး၏ နာမည်ကြီး ၀တ္ထုကို ရုပ်ရှင်ရိုက်ကူးရန် ဒါရိုက်တာ ခရစ်(စ)တီးနားခီ ၀ယ်ယူ
Donate to DVB

ကွယ်လွန်သူ စာရေးဆရာမကြီး ကြည်အေးရဲ့ ‘မောင်ကိုကိုနှင့် မြနန္ဒာ’ ၀တ္ထုနဲ့ စာရေးဆရာမ ခင်ခင်ထူးရဲ့ ‘တောမင်းသမီး’ ၀တ္ထုတို့ကို ရုပ်ရှင်ရိုက်ကူးဖို့ နာမည်ကြီး ဒါရိုက်တာ ခရစ်(စ)တီးနားခီက ၀ယ်ယူလိုက်ပါတယ်။

ဒါရိုက်တာ ခရစ်(စ)တီးနားခီဟာ မြန်မာရုပ်ရှင်လောကမှာ ဥပါယ်တံမျဉ် ဇာတ်ကားနဲ့  မုဒြာခေါ်သံ ဇာတ်ကားတွေနဲ့ အောင်မြင်မှု အကြီးအကျယ်ရခဲ့တဲ့ လူငယ် ဒါရိုက်တာ တဦးဖြစ်ပါတယ်။

အဆိုပါ ၀တ္ထုနှစ်အုပ်ကို ရုပ်ရှင်ရိုက်ကူးရမှာ တာဝန်အရမ်းကြီးတဲ့အတွက် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ခရစ်(စ)တီးနားခီက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောပါတယ်။

“နှစ်ပေါင်းများစွာ စိတ်ကူးယဉ်ခွင့်တောင် မရဲတရဲဖြစ်ခဲ့ရ၊ မဖြစ်နိုင်လောက်ပါဘူးဆိုပြီး စိတ်ခဏခဏ လျှော့ခဲ့မိသော၊ ကိုယ်အရမ်းကြိုက်နှစ်သက်ပြီး လေးစားတန်ဖိုးထားခဲ့ရသော ဆရာမကြီး နှစ်ဦးရဲ့စာအုပ်ထဲက နှစ်အုပ်ကို ယနေ့ ရိုက်ကူးခွင့်ရခဲ့တာ အရမ်းပျော်မိပါတယ်။ အဆင်ပြေအောင် စီစဉ်ပေးတဲ့ ဆရာဦးဝင်းငြိမ်းကိုလည်း အထူးကျေးဇူးတင်ပါတယ်။ တာဝန်အရမ်းကြီးတဲ့အတွက်တော့ ကြောက်မိပါတယ်။ ဒါပေမယ့်လည်း အရမ်းကြိုးစားပါမယ်။”

လတ်တလော ကြည်အေးရဲ့ နာမည်ကြီးဝတ္တုကို ဒါရိုက်တာ ဏကြီးက ရိုက်ကူးထားတဲ့ ‘မီ’ ရုပ်ရှင်ဇာတ်ကား မြန်မာပြည်အနှံ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသ အောင်မြင်မှုရရှိနေချိန်မှာ ခုလို ဒါရိုက်တာ ခရစ်(စ)တီးနားခီက ကြည်အေးရဲ့ နာမည်ကြီး ၀တ္တုကို ရုပ်ရှင်ရိုက်ဖို့ ၀ယ်ယူလိုက်တာပါ။

စာရေးဆရာမကြီး ကြည်အေး အမည်ရင်း ဒေါ်ကြည်ကြည် (ခ) ဒေါ်သောင်းကြည် (အသက် ၈၇ နှစ်) ဟာ ၂၀၁၆ ဒီဇင်ဘာ ၂၈ ရက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ  ကွယ်လွန်သွားခဲ့တာပါ။

ဆရာမကြီးရေးသားခဲ့တဲ့ နွမ်းလျအိမ်ပြန်၊ ကေဖွဲ့ဆိုသီ၊ မီ၊ တမ်းတတတ်သည်၊ ကျွန်မပညာသည်၊ အပြင်ကလူ၊ ဖုန်းသက်တိုင်၊ မေတ္တာမီးအိမ်၊ မောင်ကိုကိုနှင့် မြနန္ဒာ စတဲ့ ၀တ္တုတွေဟာ လူကြိုက်များ ထင်ရှားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013