DVB Logo
Home
မြန်မာသတင်း
ကုမ္ပဏီတခုကို မျက်နှာဖုံးစွပ်ထားသူများ ဝင်ရောက်၍ မန်နေဂျာအား ဖမ်းဆီးခေါ်ဆောင်
DVB
·
November 13, 2018
ကုမ္ပဏီတခုကို မျက်နှာဖုံးစွပ်ထားသူများ ဝင်ရောက်၍ မန်နေဂျာအား ဖမ်းဆီးခေါ်ဆောင်
Donate to DVB

ရန်ကုန် အလုံမြို့နယ်က အင်ဂျင်ဝိုင်ရောင်းဝယ်ရေး ကုမ္ပဏီတခုကို မနေ့ညက မျက်နှာဖုံးစွပ်လူတစု ဝင်ရောက်ပြီး မန်နေဂျာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အစိုးရပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

အလုံမြို့နယ် မင်းရဲကျော်စွာလမ်းပေါ်က အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီကို ည ၆ နာရီကျော်မှာ မျက်နှာဖုံးစွပ်ထားတဲ့ လူစုက လိုက်ထရပ်ကားနဲ့ ဝင်ရောက်လာပြီး ဝန်ထမ်းနှစ်ယောက်ကို ကြိုးတုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ တပ်ဆင်ထားတဲ့ စီစီတီဗွီကင်မရာကို ဖြုတ်ယူသလို ရုံးခန်းထဲမှာ မွှေနှောက် ရှာဖွေခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

မန်နေဂျာ ဦးမြင့်စိန်ကိုလည်း သူ့ရဲ့ လင်ခရူဆာကားနဲ့အတူခေါ်ဆောင်သွားပြီး ရဲတပ်ဖွဲ့က လှည့်ကင်းယာဉ်တွေနဲ့ ရှာဖွေရာမှာ ပြည်လမ်းပေါ် နိုဗိုတယ်ဟိုတယ်ရှေ့မှာ ဖမ်းခေါ်သွားတဲ့ သူရနဲ့ စိုးကျော်ကျော်လွင်တို့ နှစ်ယောက်အပါအဝင် ဦးမြင့်စိန်ကိုလည်း ပြန်တွေ့ခဲ့ပါတယ်။

ဦးမြင့်စိန်ရဲ့ ပြောပြချက်အရ မျက်နှာဖုံးစွပ်လူစုမှာ ၅ ယောက်လောက်ပါပြီး ထွက်ပြေးသွားသူတွေနဲ့ လိုက်ထရပ်ကားကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့က သတင်းရတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013