DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်သမား ၆၅ ဦး စာရင်း ဘင်္ဂလားဒေ့ရှ်အစိုးရကို မြန်မာပေးပို့
DVB
·
November 12, 2018
အကြမ်းဖက်သမား ၆၅ ဦး စာရင်း ဘင်္ဂလားဒေ့ရှ်အစိုးရကို မြန်မာပေးပို့
Donate to DVB

နေရပ်စွန့်ထွက်ပြေးသူတွေထဲက ရခိုင်ပြည်နယ်ထဲ ပြန်ဝင်လာမယ့်သူတွေကို စစ်ဆေးရာမှာ အကြမ်းဖက်သမား ၆၅ ဦး ပါဝင်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စာရင်းပေးပို့ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဒါကာမြို့မှာ ကျင်းပတဲ့ နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးမှာ ပြန်လာမယ့် နေရပ်စွန့်ခွာသွားသူ ၈၀၀၀ ကျော်ရဲ့ စာရင်းကို စိစစ်ရာမှာ အခုလို အကြမ်းဖက်သမားတွေ ပါဝင်နေတာကို စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။

အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက “ဘင်္ဂလားဒေ့ရှ်ဘက်က ၈၀၃၂ ဦး စာရင်းပို့ခဲ့ပါတယ်။ ဒီစာရင်းထဲကမှ လူ ၅၀၀၀ ကျော်ကို စစ်ဆေးပြီးဖြစ်တယ်။ အဲဒီထဲကမှ အကြမ်းဖက်သမား ၆၅ ဦးကို စစ်ဆေးတွေ့ရှိပါတယ်” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေထဲက ပထမဆုံးအသုတ်အဖြစ် လူဦးရေ ၂၀၀၀ ကျော်ကို နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး မြန်မာဘက်က ပြန်လည်လက်ခံဖို့  နှစ်နိုင်ငံ သဘောတူညီချက်အရ စီစဉ်နေတာပါ။

ပြန်လည်လက်ခံရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အကြမ်းဖက်သမားတွေ မပါဝင်လာဖို့နဲ့ ပါဝင်လာရင် ချက်ချင်းအရေးယူဆောင်ရွက်ဖို့ သက်ဆိုင်ရာ သတင်းတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နဲ့ နယ်မြေရဲစခန်းတို့ကို စနစ်တကျ တာဝန်ပေးထားတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ် အောင်သူက မနေ့က သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013