DVB Logo
Home
မြန်မာသတင်း
အခမဲ့ရွှေ့လျားဈေးဆိုင် ရန်ကုန်မဟာဗန္ဓုလပန်းခြံ၌ ဖွင့်လှစ်မည်
DVB
·
November 12, 2018
အခမဲ့ရွှေ့လျားဈေးဆိုင် ရန်ကုန်မဟာဗန္ဓုလပန်းခြံ၌ ဖွင့်လှစ်မည်
Donate to DVB

ငွေကြေးပေးစရာမလိုဘဲ ပစ္စည်းတွေ ဝယ်ယူရောင်းချနိုင်မယ့် ရွှေ့လျားဈေးဆိုင်တခုကို လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ဖွင့်မယ်လို့ စီစဉ်သူက ပြောပါတယ်။

ကိုယ့်မှာ မလိုအပ်တဲ့ ပစ္စည်းတွေကို ဒီဆိုင်မှာ အခမဲ့လာရောက်ရောင်းချပြီး လိုအပ်တဲ့သူတွေက အခမဲ့ လာရောက်ဝယ်ယူဖို့ Free Mobile Shop ဆိုပြီး စီစဉ်ထားတာ ဖြစ်ပါတယ်။

အဖွဲ့တည်ထောင်သူ ကိုကျော်ကျော်က “ဥရောပကိုရောက်တုန်းက အဲဒီမှာ Free Shop ဆိုတာလေးတွေ တွေ့တယ်။ အဝတ်အစား၊ အသုံးအဆောင်တွေပေါ့။ လိုချင်တဲ့သူက ယူသွားရုံပဲ။ လူတချို့မှာ မလိုတော့တဲ့ ပစ္စည်းတွေဟာ လူတချို့အတွက် အသုံးဝင်နေတတ်တယ်။ အဲဒါကို Message (သတင်း) ပေးချင်တာပါ။ ကျနော်က လုပ်ချင်ပေမယ့် ဆိုင်ခန်းခ မရှိတော့ ရွေ့လျားဆိုင်ဆိုပြီး လုပ်တာပါ” လို့ ပြောပါတယ်။

ဒီလိုလုပ်ဖို့ သူငယ်ချင်းတွေ စုထားပြီး တလမှာ ၂ ကြိမ်လောက် လူစည်ကားတဲ့နေရာတွေမှာ ဆက်လုပ်သွားဦးမယ်လို့လည်း ဆိုပါတယ်။

သူတို့က ဒါကို ငွေကြေးမပါတဲ့ ရောင်းဝယ်မှုလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဖေ့စ်ဘွတ်ခ်မှာ Free Mobile Shopရဲ့ စာမျက်နှာကနေ ဒီလှုပ်ရှားမှုကို လူသိအောင် သူတို့ လုပ်ဆောင်နေပါတယ်။

“ဒီရုပ်ဝတ္ထုပစ္စည်းတွေကို ကိုယ့်အတွက်လိုအပ်သလောက်သာ အသုံးပြုကြပြီး မလိုအပ်တော့တဲ့ အရာတွေကို တခြားလူတွေဆီကို မျှဝေခံစားကြဖို့ လှုံ့ဆော်ရေးတခုဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အဓိက ရည်ရွည်ချက်ကတော့ လူ လူချင်း စာနာမှု၊ ကိုယ်ချင်းစာမှု၊ မျှဝေခံစားမှုတွေကို ငွေကြေးပကာသနတွေ လုံးဝ မပါဝင်ပဲ ပိုမိုပြီးကျယ်ပြန့်လာဖို့ပါပဲ။ အဲဒီတော့ ကျနော်တို့ရဲ့ Free Mobile Shop မှာ မိတ်ဆွေတို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ငွေကြေးတပြားမှ ပေးစရာမလိုပဲ ဝယ်ယူလို့ရသလို၊ မိတ်ဆွေတို့ မလိုအပ်တော့ဘူးထင်တဲ့ ပစ္စည်းတွေကိုလည်း Free Mobile Shop မှာ အခကြေးငွေ လုံးဝ မပါဘဲရောင်းချကြရမှာဖြစ်ပါတယ်” လို့ သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လှုပ်ရှားမှုရဲ့ ပထမဆုံး အစီအစဉ်ကို လာမယ့် နိုဝင်ဘာ ၁၅ ရက်၊ ညနေ ၃ နာရီကနေ ၆ နာရီအထိ မဟာဗန္ဓုလပန်းခြံထဲမှာ လုပ်ဖို့ စီစဉ်ထားတယ်လို့ ကိုကျော်ကျော်က ပြောပါတယ်။

“လမ်းဘေးဆိုင်ပုံစံမျိုးပေါ့။ ခုံလေးခင်းပြီးလုပ်မယ်။ ပြီးတော့ အသုံးဝင်မယ်ဆိုရင် တယောက်ကို တခုယူသွားနိုင်ပါတယ်ဆိုပြီး စာရွက်လေးတွေ ကမ်းမယ်။ အဓိက ကတော့ ကမ္ဘာကြီးမှာ မျှဝေမှုဆိုတာ တော်တော် နည်းလာတယ်။ လိုအပ်တာထက်ကို ပိုပြီး လိုချင်ကြတယ်။ ဒါကို ပေါ်လွင်စေချင်တာပါ” လို့ ပြောပါတယ်။

လက်ရှိမှာ လက်ခံရထားတာ ပစ္စည်းအမျိုးအစားပေါင်း ၄၀ ကျော်လောက်ရှိတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013