DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာလုပ်သား ၄၀ ခန့် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်၊ ၁ ဦးသေဆုံး
DVB
·
November 12, 2018
ဘန်ကောက်တွင် မြန်မာလုပ်သား ၄၀ ခန့် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်၊ ၁ ဦးသေဆုံး
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ၀ပ်ထနားနယ်မြေထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀ လောက် အုပ်စုဖွဲ့ရန်ဖြစ်ပြီး ရိုက်နှက်ကြရာမှာ ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရသွားတယ်လို့ MThai ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် ည ၉ နာရီခွဲလောက်က ၀ပ်ထနားနယ်မြေ ပရီဒီဖနုမ်ယုန်း ၄၄ လမ်းထဲမှာ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားတယ်လို့ သတင်းရလို့ သက်ဆိုင်ရာက လူနာတင်ကားနဲ့အတူ သွားရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ လမ်းထိပ်နဲ့ မီတာ ၂၀ ခန့်အကွာမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေသူ အသက် ၅၀ အရွယ် မြန်မာအလုပ်သမား ၁ ဦး အလောင်းကို တွေ့ရှိရပြီး နောက်ထပ် ဒဏ်ရာရရှိသူ ၁ ဦးပါ တွေ့ရလို့ ဖစ်ခ်ျဝေ့ဖ် ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့  ခလောင်တန်ရဲစခန်း တာဝန်ကျရဲဝန်ထမ်း ၁ ဦးက သတင်းထောက်ကို ပြောပါတယ်။

မျက်မြင်သက်သေတို့ရဲ့ ထွက်ဆိုချက်အရ သေဆုံးဒဏ်ရာရသူတွေဟာ အဆိုပါလမ်းထဲရှိ ကြက်သား စက်ရုံက မြန်မာရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြောင်း ရန်ဖြစ်တဲ့တဘက်ကလည်း အခြားစက်ရုံ ၁ ရုံက အလုပ်သမားတွေဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေဟာ နဂိုကတည်းက ရန်ငြှိုးရန်စရှိခဲ့ဟန်တူပြီး အခင်းဖြစ်တဲ့နေ့ကတော့  လူပေါင်း ၃၀ လောက်ရှိတဲ့အဖွဲ့က ၁၀ ယောက်ဘဲရှိတဲ့အဖွဲ့ကို လာဝိုင်းရိုက်ပြီးနောက် လူစုခွဲကာ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

လောလောဆယ် တာဝန်ရှိ နယ်မြေခံရဲတပ်ဖွဲ့က သံသယရှိတဲ့ မြန်မာအလုပ်သမား ၁၀ ယောက်ကို ခလာင်တန်ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေတယ်လို့  သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013