DVB Logo
Home
မြန်မာသတင်း
လူမှုကွန်ရက်ပေါ် ရေပန်းစားနေတဲ့ Fun Band ညီအစ်မ (ရုပ်သံ)
DVB
·
November 12, 2018
လူမှုကွန်ရက်ပေါ် ရေပန်းစားနေတဲ့ Fun Band ညီအစ်မ (ရုပ်သံ)
Donate to DVB

Fun Band ဆိုတဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကိုတင်ပြီး ကိုယ်ပိုင်သံစဉ် သီချင်းတွေ သီဆိုaနတဲ့ ညီအစ်မနှစ်ယောက်ဟာ လူကြိုက်များ ရေပန်းစားနေပါတယ်။
ပြည်မြို့ မြို့သစ်မှာနေထိုင်ကြတဲ့ ရွှေမှုံနဲ့ခိုင်ပွင့်တို့ ညီအစ်မနှစ်ယောက်ဟာ အောက်တိုဘာ ၄ ရက်က သူတိုရဲ့ဖေ့စ်ဘွတ်ခ်ကို တရားဝင်တင်လိုက်ပြီး ၁ လကျော်ကျော်အတွင်းမှာပဲ သူတို့ရဲ့ Page ကို like လုပ်သူ ၂ သောင်းခန့်ရှိနေပြီ ဖြစ်ပါတယ်။
သူတို့ ရေးဖွဲ့သီဆိုထားတဲ့ မြန်မာသီချင်းနဲ့ အင်္ဂလိပ်သီချင်းတွေ တော်များများကို အွန်လိုင်းပေါ်မှာ ပရိသတ်တွေက ကြိုက်နှစ်သက် အားပေးနေကြပါတယ်။
“ဒီလိုမျိုး လူကြိုက်များမယ်လို့ မထင်ထားခဲ့ဘူးပေါ့နော်။”
အခုချိန်ထိ အွန်လိုင်းမှာ တင်လိုက်တဲ့ သီချင်း ၈ ပုဒ်ရှိပြီဖြစ်ပြီး အားလုံးက ကိုယ်ပိုင်ရေး ကိုယ်ပိုင်သံစဉ်တွေဖြစ်ပါတယ်။
“ရှေ့ဆက်ပြီးတော့ ညီမတို့ သီချင်းလေးတွေ ဆက်ရေးမယ်။ ရေးပြီးရင်တော့ ဒီ page မှာ ဆက်တင်မယ်။ Page ကိုတော့ တတ်နိုင်သမျှ အမြဲတန်း run နေအောင်ပေါ့နော်။ တင်ခဲ့တာက ၈ ပုဒ်၊ မတင်ရသေးတာတွေနဲ့ဆိုရင် အားလုံး ၁၀ ပုဒ်လောက်ရှိတာပေါ့နော်။ အဲဒါ အယ်လ်ဘန် တခုစာလောက်ရနေတော့ ဒါကို ညီမတို့ စုဆောင်းပြီးတော့ အယ်လ်ဘန်တခုအနေနဲ့ ပြန်သွင်းလို့ ရမယ်ထင်တယ်။”
Fun Band ညီအစ်တွေဟာ ညီမရင်းခြာတွေဖြစ်ပြီး အစ်ကဖြစ်သူ ရွှေမှုံကတော့ အသက် ၂၆ နှစ်ရှိပြီး ညီမကတော့ ၂၂ နှစ်ဖြစ်ပါတယ်။
သူတို့ဟာ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှာ ကိုရီးယားဘာသာနဲ့ ကျောင်းပြီးခဲ့တာ လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013