DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီအပေါ် လူထုထောက်ခံမှု ကျဆင်းခြင်းရှိမရှိ သုံးသပ်ရန် အဖွဲ့ဖွဲ့
DVB
·
November 12, 2018
အန်အယ်လ်ဒီပါတီအပေါ် လူထုထောက်ခံမှု ကျဆင်းခြင်းရှိမရှိ သုံးသပ်ရန် အဖွဲ့ဖွဲ့
Donate to DVB

အန်အယ်လ်ဒီ ပါတီအပေါ် ပြည်သူတွေရဲ့ ထောက်ခံမှု ကျဆင်းခြင်းရှိမရှိ သိရှိနိုင်ဖို့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲရလဒ် ပြန်လည်သုံးသပ်ရေး အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ ပါတီရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

အန်အယ်လ်ဒီပါတီအနေနဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ မျှော်မှန်းမထားတဲ့ ဒေသတွေမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ပါတီ အပေါ် လူထုထောက်ခံမှု ကျမကျ ပြန်လည်သုံးသပ်ဖို့ မနေ့က ဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြဆွေးနွေးပြီး သဘောတူ ဆုံးဖြတ်လိုက်တာလို့ အစည်းအဝေး အပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

“ကျနော်တို့ သုံးသပ်ရေးကော်မရှင်ဖွဲ့လိုက်ပြီ။ အဲဒါနဲ့ပတ်သက်ပြီး အတိအကျပြန်ပြီး ပြန်ပြီးသုံးသပ်သွားမှာပါ”

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးချယ်ခံ ကိုယ်စားလှယ်တွေရဲ့ အားနည်းချက်တွေနဲ့ ဖွဲ့စည်းပုံအရ မဲဆွယ်ခွင့်ရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ အားနည်းချက်တွေကြောင့် ထင်မှတ်မထားတဲ့ နေရာတွေမှာ ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ ပါတီ စီအီးစီ အဖွဲ့အနေနဲ့ သုံးသပ်ထားပြီး ၂၀၂၀ အတွက် သတိပေးခေါင်းလောင်းအဖြစ် မှတ်ယူကာ နယ်တွေအထိ  Door to Door တအိမ်တက်ဆင်း မဲဆွယ်စည်းရုံးသွားမယ်လို့လည်း ဆိုပါတယ်။

“အခုကြားဖြတ်ရွေးကောက်ပွဲရလဒ်က ကျနော်တို့ အတွက် ၂၀၂၀ ရွေးကောက်ပွဲအတွက် ခေါင်း လောင်းသံပေါ့ဗျာ”လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ကိုတော့ ပါတီအနေနဲ့ အပြစ်တင်ထားပြီးဖြစ်လို့ သူတို့လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို သိရှိလုပ်ဆောင်နိုင်မယ်လို့လည်း ပါတီ ဒုဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013