DVB Logo
Home
မြန်မာသတင်း
၂၀၂၀ အတွက် ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်ညှိနှိုင်းထားခြင်းမရှိဟု အန်အယ်လ်ဒီပြော
DVB
·
November 12, 2018
၂၀၂၀ အတွက် ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်ညှိနှိုင်းထားခြင်းမရှိဟု အန်အယ်လ်ဒီပြော
Donate to DVB

၂၀၂၀ အတွက် ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ညှိနှိုင်းမှုနဲ့ စည်းဝါးကိုက်ထားမှု လုံးဝမရှိဘဲ လူထုအထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေခြင်းသာဖြစ်တယ်လို့ အန်အယ်လ်ဒီ ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် ညှိနှိုင်းထားတယ်ဆိုတာမဟုတ်ဘူးနော်။ ဒါကျနော်ဆီက ထွက်တဲ့သတင်း ကျနော်ပြောတယ် ဒါမဟုတ်ဘူး။ ယုန်ထင်ကြောင်ထင် ဖြစ်အောင်လုပ်တာဗျ။ လူထုကို ယုန်ထင်ကြောင်ထင်ဖြစ်စေပြီး ၂၀၂၀ မှာ ကျနော်တို့ ညှိထားတယ် ဆိုတဲ့ဟာ ကျနော်တို့အတွက်တော့ သက်ရောက်မှုက ကြီးတယ်နော်။ ဒါမဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ဘာမှ လုပ်လို့မရဘူး။ ဒါမဟုတ်ဘူးဆိုတာတော့ ပြောမယ် မညှိထားဘူး ဘယ်သူနဲ့မှ မညှိထားဘူး။”

နိုဝင်ဘာ ၁၁ ရက်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ကျင်းပတဲ့ အန်အယ်လ်ဒီပါတီရဲ့ လစဉ်ပုံမှန် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး အခုလို ပြောဆိုခဲ့တာပါ။

နိုဝင်ဘာ ၉ ရက်ထုတ် မြန်မာသံတော်ဆင့် သတင်းစာမှာ  “စစ်ဥပဒေချုပ် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင် ရဋ္ဌပါလအသင်း စဖွဲ့လှုပ်ရှား ၂၀၂၀ အတွက် ဦးသန်းရွှေနှင့် စည်းဝါးကိုက်ထား” လို့ ရေးသားဖော်ပြထားတဲ့ အပေါ်ကို ဒေါက်တာဇော်မြင့်မောင်က တုံ့ပြန် ပြောဆိုခဲ့တာပါ။

အောင်ကိုကိုလတ် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013